Monday, October 13, 2014

အီသီယိုးပီးယားတောင်ကြားထဲက ကမ္ဘာ့နှုတ်ခမ်းလွှာအကြီးဆုံး လူမျိုးစုများ



ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးနွယ်စုတွေရဲ့ အကြောင်းတွေကို လေ့လာဆဲလေ့ လာမြဲ ဖြစ်တဲ့အချိန်မှာလည်း ဘယ်တော့မှကုန်ဆုံးသွားမှာ မဟုတ်ပါဘူး။ သမိုင်းထဲမှာ ပုန်းအောင်းခိုတွယ်ပြီး လူမသိသူမသိတောကြီးမျက်မည်းတွေ မှာ ရှင်သန်နေထိုင်ကြတဲ့ ရှားပါးလူမျိုးစုနွယ်တွေ အများသားကျန်ရှိနေပါ သေးတယ်။

မြို့ပြတွေမှာ နေ့စဉ်သွားလာနေတဲ့ လူတွေနဲ့ကွဲပြားခြားနားတဲ့ လူမျိုးစုနေ ထိုင်မှုပုံစံ၊ အသက်ရှင်ရပ်တည်မှု၊ အသွင်သဏ္ဍာန်တွေ သူတို့ရဲ့ ဓလေ့စရိုက်၊ အမူအကျင့်တွေကလည်း လေ့လာသူတွေအဖို့မှတ်သားဖွယ် အံ့သြထိတ် လန့်ကြောက်ရွံ့စရာတွေလည်း ဖြစ်စေပါတယ်။


သြစတြေးလျ ရုပ်ရှင်ရိုက်ကူးရေးပညာရှင် အက်ဘရာဟန်ဂျိုဖီဦးဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းရဲ့ ဝေးလံ ခေါင်ဖျားတဲ့ တောင်ကြားတစ်ဝိုက် ကျင်လည်ကျက်စားနေတဲ့ ကမ္ဘာ့နှုတ် ခမ်းလွှာအကြီးဆုံးချဲ့ကားနိုင်တဲ့ ရှားပါးတောရိုင်းလူမျိုးစုတစ်စုနဲ့ အမှတ်မ ထင်ရှာဖွေတွေ့ရှိသွားခဲ့ရာကနေ လူမျိုးစုအကြောင်း စူးစမ်းမေးမြန်းမှုနဲ့ရိုက် ကူး ရေးတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။


၁၈၉၆ ခုနှစ်မတိုင်ခင်အချိန်များစွာကတည်းက ရိုးရာဓလေ့အနေနဲ့ကျင့်သုံး လိုက်နာခဲ့တဲ့ ဒီဓလေ့က ယနေ့အချိန်အထိသက်ဝင်လှုပ်ရှားနေခဲ့တာဖြစ်ပြီး အသက် ၁၅နှစ် ကျော်တဲ့ မိန်းကလေးတိုင်းမှာ မလွဲမသွေဒီဓလေ့ကိုကျင့်သုံး ရပါတယ်။ အောက်နှုတ်ခမ်းသားအလွှာရဲ့ ဧရာမအချပ်ပြားဝိုင်းကြီးသွင်းနိုင် အောင်လို့ အသားဆွဲချဲ့ကားထားတာဖြစ်ပြီး ဒီလိုမျိုးသွင်းထားပြီးနေထိုင် မယ်ဆိုရင် အမျိုးသား ခင်ပွန်းဖြစ်သူတို့ရဲ့ စိတ်ဝင်စားမှုကိုရနိုင်လိမ့်မယ်လို့ ရိုးရာဓလေ့ အဆိုရှိပါတယ်။

 နှုတ်ခမ်းသား၊ နားပေါက် နဲ့အ၀န်း ၅၉ ဒသမ ၅ စင်တီမီတာ အချင်း ၁၉ ဒသမ ၅ စင်တီမီတာရှိ ရွှံ့စေး အ၀ိုင်းပြားထည့်သွင်းထားတဲ့ အသက် ၂၀ နှစ်အရွယ်မိန်းကလေး အေတ ရေး အယ်လီဂျီဒက်နီးက သူမရဲ့နှုတ်ခမ်းလွှာတွင်းထည့်သွင်းထားတာကအ ချိန်နှစ်အချို့ကြာလာပြီမို့ အတွင်းသားတွဲကျလာတာကို တွေ့ရပါတယ်။ ဒီလိုဧရာမနှုတ်ခမ်းသားကြီးရဲ့ အချင်း ၁၅ စင်တီမီတာနဲ့ ကမ္ဘာ့အကြီမား ဆုံးစံချိန်အဖြစ် ယခင်ကတင်ခဲ့ဖူးပါတယ်။


အီသီယိုးပီးယားအစိုးရက ဒီဓလေ့ထုံးတမ်းကျင့်သုံးလိုက်နာမှုကို မကြာ သေးမီကစပြီး တားမြစ်ခဲ့ပါတယ်။ လူ့အခွင့်အရေးအရ လူတိုင်းမှာ အခွင့် အရေးတန်းတူရနိုင်ဖို့အတွက် အနာဂတ်လူမျိုးစုရဲ့ ရင်သွေးငယ်တွေမှာ ဒီ လိုမျိုးရုပ်ဆိုးအကျည်းတန်ပြီး လူရာမ၀င်နိုင်တဲ့ အသွင်သဏ္ဍာန်တွေကြောင့် အသက်ရှင်ရပ်တည်နိုင်ဖို့ အခက်အခဲဖြစ်လာနိုင်ကာ လူညွန့်တုံးဘ၀ကိုမ ရောက်ရှိဖို့ အခြားလူမျိုးစု၊ လူ့အသိုင်းနဲ့တန်းတူအခွင့် အရေးရနိုင်ဖို့ဒီထုံး တမ်းဓလေ့ကို တင်းတင်းကျပ်ကျပ်တားဆီးဖျောက်ဖျက်တာပဲဖြစ်ပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Post a Comment