Friday, January 24, 2014

သုဿန်စောင့်မဖဲဝါ (ဒဿကျော်စွာ)





ဖတ်ပြီးတော့  တွေးစရာတွေ အများကြီးပဲ.။ ဖတ်မကြည့်ရသေးဘူးဆို ရင်   ဖတ်ဖြစ်

အောင်ဖတ်ကြည့်ဖို့  တိုက်တွန်းချင်ပါတယ် ။ ဒီစာအုပ်ကြောင့် နာမည်ကျော်တာတဲ့

အခုမှပဲ  ဖတ်ဖြစ်တော့တယ်။ စာရေးဆရာ သွန်းနေစိုးရေးတာပါ  ။ အခုတလောမှာ

ပြဿနာဖြစ်နေတဲ့ဆရာ ဆို  သိကြမယ်ထင်ပါတယ်. တကယ့်ကို ထူးဆန်းတယ်ဗျ

ဖတ်ကြည့်ပြီးရင် သိလိမ့်မယ်..ကဲ ဖလမ်းဖလမ်းနော်... ဘာလို့ ဖတ်စေချင်ရတာလဲ

ဆိုတာ ဖတ်ကြည့်ပြီးရင် သိစေရမယ်.........ကဲ အောက်ပါတို့ ကို နှိပ်ပြီးဖတ်စေ.....။

Wednesday, January 22, 2014

Desktop Animated Wallpaper,Screen Saver လေးတွေလိုချင်ရင်

Desktop အတွက် Animated Wallpaper လေးတွေ Screen Saver လန်းလန်းလေးတွေ
လိုချင်ရင်

ဒီ Desktop Animated.com ကနေ သွားပြီးဒေါင်းလိုက်နော်
အရမ်းကို မိုက်တဲ့ Wallpaper လေးတွေစုံတဲ့ Side လေးပါ။
PPMP

ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးနည်းတစ်ခုပါ

ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးနည်းတစ်ခုပါ

"ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး" 8.10.2013 (ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျ သက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့သည့် လက်တွေ့ အမြစ်ပြတ် ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့ ဂန့်ဂေါမှာ တော်တော် နာမည်ရနေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ။

တစ်ခြားမြို့ တွေကလည်းမှာယူ သုံးစွဲနေကြပါပြီ။ ဂန့်ဂေါကို ပြန်ရောက်တော့ ဒီဆေးအကြောင်း တော်တော်စိတ်ဝင်စားနေပြီ။ လက်ရှိရောဂါ ဖြစ်နေသူတွေ လက်တွေ့ ပျောက်သွားကြတာကိုး၊ ဆရာကြီး ဦးမြင့်ကိုနှင့် သွားတွေ့ ပြီး မေးဖြစ်ခဲ့ပါတယ်။

ဆရာကြီးဦးမြင့်ကိုရဲ့ ဇနီးဒေါ်ကြံမေ ကိုယ်တိုင် သားအိမ်ကင်ဆာ အရှင်း ပျောက်သွားလို့ ဒီဆေးဖြန့်ဖြစ်သွားတာလို့ သိရပါတယ်။ လက်ရှိလက်လှမ်း မှီသလောက် တော်တော်များများနေရာတွေမှာ ဖြန့် နေပါပြီ .... အဓိက ပျောက်ကင်းနိုင်တဲ့ ရောဂါတွေကတော့ - HIV - AIDS (A) ခုခံအားကျဆင်း သည့်ရောဂါ၊ သားအိမ်ကင်ဆာ၊ သားဥပြွန်ကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ (လုံးဝ သွေးသွင်းရန်မလို)၊ အသည်း၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်စတဲ့ ကင်ဆာရောဂါများကို ဆေး(၂) လစားလျှင် အမြစ်ပြတ် ပျောက်ကင်းကြောင်း သိခဲ့ရပါတယ်။ လက်ရှိအသည်းရောင် အသားဝါ "B" ပိုး "C" ပိုးဖြစ်နေသူတွေပါ လက်တွေ့ ပျောက်ကင်းသွားပြီလို့ သိခွင့်ရခဲ့ပါတယ်။

ဆရာကြီးကလည်း သူ့ ဆီမှာယူသောက်ပြီး ရောဂါ ပျောက်ကင်းသွားသူတွေ ရဲ့ စာရင်းများကိုလည်း ပြုစုထားတာ တွေ့ ခဲ့ရပါတယ်။ ရောဂါပျောက်ကင်း သွားသူတွေ တော်တော်များနေပါပြီ။ HIV- AIDS (A) ခုခံအားကျဆင်းသူတွေ မှာယူသုံးစွဲပြီး တော်တော်ထူးခြားစွာ တိုးတက်လာကြတာလည်း တွေ့ ခဲ့ရ ပါတယ်။

ဆေးစားရန် အညွှန်းမှာ ခွဲစိတ်ပြီး ဓာတ်ကင်ထားသောလူနာများ။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေသော လူနာများ တစ်ရက်လျှင် (၃) ကြိမ်။ တစ်ကြိမ်လျှင် (၅)လုံးစားရန်၊ သွေးအဖြူ အနီ ဆင်းနေသူများ။ ဒွါရများမှ သွေးထွက်နေသူများ တစ်ရက်လျှင်(၃)ကြိမ် တစ်ကြိမ်လျှင် (၃)လုံးစားရန်၊ အစာစားပြီးတိုင်း ပျို့အန်ခြင်း ပြန်လှန်ခြင်း စသည့် (အစာအိမ် ကင်ဆာ ရောဂါ လက္ခဏာ) ဖြစ်နေပါက တစ်ရက်လျှင် (၃)ကြိမ် တစ်ကြိမ်လျှင်(၂)လုံး စားရန် ရန်ကုန်ဖြန့်ချိရေးတွင် ဖုန်းဆက်မှာယူနိုင်ပါသည် ဖုန်းနံပါတ် - 09 421001025

ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးနည်းတစ်ခုပါ

"ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး" 8.10.2013 (ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျ သက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့သည့် လက်တွေ့ အမြစ်ပြတ် ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့ ဂန့်ဂေါမှာ တော်တော် နာမည်ရနေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ။

Wednesday, January 15, 2014

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

Photo: ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆို တတ်ကြပါတယ်။

သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စား ပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(1) အစာခြေ လမ်းကြောင်း စနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝ မပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင် ပါတယ်။ ကိုက်လန် တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်း ဆောင်တာကို ကောင်းမွန် စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမား ရောဂါ ခံစား နေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4)ကင်ဆာ အမျိုးမျိုးကို ကာကွယ် ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက် တို့လို အင်တီ အောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီ အောက်ဆီးဒင့် တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(5)ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာ တစ်မျိုးပါ။ ကိုက်လန် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ် ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ် ရောင်ရမ်းနာ၊ ပန်းနာ ရင်ကျပ် ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။



(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာ စေတဲ့ အစွမ်း ရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျ စေနိုင် ပါတယ်။

(7) အမြင်အာရုံကို ကောင်းမွန် စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန် စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင် တာကြောင့် ကိုယ်ခံ စွမ်းအားစနစ်၊ ဇီဝရုပ် ဖြစ်ပျက်မှုနဲ့ ရေဓာတ် ပြည့်ဝမှုတို့ကို အားပေး ထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင် တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်း ပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်း အဆိပ်တွေကို ကင်းစင် စေပါတယ် ကိုက်လန်ကို အဆိပ် ဖယ်ရှား ပေးနိုင်တဲ့ အစာလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင် နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာ စေပါတယ်။

ကြယ်စင်


ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆို တတ်ကြပါတယ်။

သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စား ပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

အိမ်ရှင်မတို့ သိထားသင့်သော အရာများ




၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။

ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။
ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။
မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

Monday, January 6, 2014

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း





အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ကြက်မောက်သီး၏ ကျန်းမာရေး အတွက် အသုံးဝင်ပုံလေးပါ




ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ ၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။

အိုင်းစတိုင်း နှင့် ပက်သက် ၍ လူသိ နည်းသော အကြောင်း အရာ အချို့ 





နိုဘယ်ဆုရ ကမ္ဘာ ကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း နှင့် ပက်သက် ၍ လူသိ နည်း သော အကြောင်း အရာများ က အောက်ပါ အတိုင်း ဖြစ်ပါ တယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဦးသန့်၏ ဘ၀ပုံရိပ်


 
ဦးသန့်- လို့ဆိုလိုက်တာနဲ့ အလယ်တန်း ကမ္ဘာ့သမိုင်းဖတ်စာထဲက သင်ခန်းစာလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲ့ဒီအချိန်လောက်ကစပြီး ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးနဲ့ ကျွန်တော်တို့ စတင်မိတ်ဆက်ခွင့်ရခဲ့ကြပြီး ဒီလိုအဖွဲ့အစည်းကြီးရဲ့ အမြင့်ဆုံးနေရာကနေ တာဝန်တွေကိုထမ်းဆောင်ခဲ့လို့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် ဂုဏ်ပြုစံတင်ထားရလောက်တဲ့ “ဦးသန့်” ဆိုတဲ့အမည်နဲ့ ကျွမ်းဝင်ခဲ့ကြဖူးပါတယ်။ ဦးသန့်ရဲ့အကြောင်းကို သေသေချာချာ သိတဲ့သူတွေထဲမှာ လူငယ်ပိုင်းက အတော်ကို နည်းပါတယ်။ဒါကြောင့်...ဦးသန့်ရဲ့လေးစားအတုယူစရာ ကောင်းလောက်တဲ့ လုပ်ဆောင်ချက်တွေ၊ ဖြောင့်မတ်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေ အပါဝင် အတ္ထုပ္ပတ္တိ အကျဉ်းကိုပါ ဖော်ပြလိုက်ပါတယ်။

ရင် နင့် ဖွယ် ရာ့ မေ့ မေ တ္တာ





ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။
(ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)

ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။

ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦအပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။

ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ




အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြောလိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။ သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။ ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။ ဆရာဝန်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။ သို့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။ 

ဦးနှောက်နှင့် အာရုံကြောဆရာဝန်များက အဆင့် (၃) ဆင့်ပါဝင်သော စမ်းသပ်နည်းတစ်ခုကို တီထွင်ထားသည်။ အတိုကောက်အားဖြင့် STR ဟု မှတ်နိုင်သည်။ 

(၁) S – SMILE၊ လေဖြတ်မဖြတ်သိရှိနိုင်ရန် ဒဏ်ရာရသူကို ပြုံးခိုင်းပါ။ 
(၂) T – TALK၊ ၀ါကျတစ်ခွန်းကို သဒ္ဒါမှန်မှန်၊ ယုတ္တိကျကျပြောခိုင်းပါ (ဥပမာ။ ။ ယနေ့နေသာသည်) 
(၃) R – RAISE BOTH ARMS၊ လူနာကို လက်နှစ်ဘက်လုံးမြှောက်ခိုင်းပါ။ 
အထက်ပါစမ်းသပ်မှု သုံးခုစလုံးအနက် တစ်ခုခုမလုပ်နိုင်ပါက ဆေးရုံချက်ချင်းပို့ပါ။ 
ထိုနည်းများနှင့် စမ်း၍ မသေချာပါက လူနာကိုလျှာထုတ်ခိုင်းပါ။ 
လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာတစ်ဖက်ဖက်သို့စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်းဖြစ်နိုင်သည်။ အထက်ပါနည်းလမ်းများကို သိထားသူအနေနှင့် အခြားလူ (၁၀) ဦးကိုမျှဝေပေးပါက အနည်းဆုံး အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

Saturday, January 4, 2014

အချစ်ဗေဒင်

ကဲ ဒါလေးလဲ အချစ်ဗေဒင်တစ်ခုပါပဲ ကိုယ်တိုင် တွက်ကြည့်ပေါ့
သူငယ်ချင်းတို့ ဒီဗေဒင်ကို တွက်မယ်ဆိုရင်တော့ဘောပင်၁ချောင်းရယ်၊ 
စာရွက်၁ရွက်ရယ် လိုမယ်နော်
သူငယ်ချင်းတို့ ချစ်ရတဲ့ချစ်သူနဲ့ ဘယ်လိုတွေ ဘာတွေဖြစ်မယ်ဆိုတာ သိရမှာ
ဒီတော့ သူငယ်ချင်းချစ်သူရဲ့အမည်၇ယ် သူငယ်ချင်းရဲ့အမည်၇ယ်တော့လိုတယ်
ချစ်သူအမည်ကို ဂဏာန်းလေးတွေဖြစ်အောင်ပြောင်းကြမယ်...

အောက်မှာ ဆက်ကြည့်ပေးနော်...
▼▼▼▼▼▼▼▼▼▼▼▼▼▼

အချစ်အက္ခရာ A to Z

ဒီ Post လေးကတော့ A to Z အက္ခရာတွေရဲ့ အချစ်နဲ့ ပတ်သက်တဲ့ Meaning လေးတွေနဲ့ Definition လေးတွေပေါ့
မှတ်သားစရာလေးတွေပါ
အောက်မှ ဖတ်ကြည့်လိုက်နော်
▼▼▼▼▼▼▼▼▼▼▼▼▼

အချစ်ဗေဒင် ......

ဒါလေးကလည်း အချစ်ဗေဒင်လေးဗျို့
ဟုတ်မဟုတ်တော့မသိဘူး
အနည်းဆုံးတော့ ပျော်ရွှင်မှု ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်
အောက်မှာ ကိုယ်တိုင် တွက်ကြည့်လိုက်နော်...
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼

အချစ်နဲ့ရာသီခွင်


ရာသီခွင် ဆယ့်နှစ်ပါးနဲ့ အချစ် အကြောင်း ဟောကိန်းလေးပါ
ကျွန်တော့်ဆီမှာ ရှိနေတာကြာပါပြီ
အခုမှ တင်ဖြစ်လို့ပါ...
ဗေဒင်ဆိုပေမယ့် မကောင်းတာလေးတွေ ကျော်ပြီး ကောင်းတာလေးတွေကိုပဲ
အယူကြရအောင်နော်...
သူငယ်ချင်းတို့ ကံကောင်းပါစေ...

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း

 
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။ 

 အဲဒီကုသိုလ် ၅မျိုးကတော့ 
၁။ ဒါန 
၂။ သီလ 
၃။ ဂုဏ်တော် 
၎။ မေတ္တာ 
၅။ ၀ိပဿနာ တို့ ဖြစ်ပါတယ်။ 

၁၅၀၀ အချစ်" နဲ့ "၅၂၈ မေတ္တာ" ဖြစ်လာပုံ



အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။

ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရ တာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့ မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?

သင့်ချစ်သူကို တန်ဖိုးထား မြတ်နိုးကြပါ... အပြန်အလှန် နားလည်ဂရုစိုက်ကြပါ



 တခါက အလွန် နွမ်းပါးချို့တဲ့ရှာတဲ့ အဖိုးအိုလင်မယား နှစ်ယောက်ရှိကြပါတယ်...