Wednesday, February 26, 2014

ကျောက်ကပ် အားနည်းခြင်း

ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း ဆီးဆိပ်များ ပုံမှန် အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။

ချစ်သူ/ရည်းစား (ကောင်လေး) ကို မပြောသင့်သော စကား(၁၀)ခွန်း




၁) “တော်ပြီ…
နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”

ဘယ်လိုအခြေအနေရောက်ရောက် ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာရင်… ဟန်ဆောင်ပြီး လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက ကိုယ့်ကို
တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက
သူမကြားချင်ဆုံးစကားပါပဲ… ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ
စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က ကိုယ့်ကို တဖြည်းဖြည်း အထင်လွဲလာတတ်တယ်…



၂) “ကို… ကို့အရင်ကောင်မလေးကို ဘယ်လောက်ထိချစ်ခဲ့လဲဟင်”

ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်…
ငါ့ကောင်မလေးက ငါ့ကို ဒီလောက်တောင်မယုံဘူးလား…
နားမလည်ပေးနိုင်ဘူးလားဆိုပြီး တွေးလာတတ်တယ်…
သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း လိုက်လိုက်ပြီး
မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်
သူ့အရင်ကောင်မလေးအကြောင်းပြောပြရပါများပြီး… အရင်ကောင်မလေးကို
ပြန်စိတ်လည်သွားမှ ဒုက္ခ…

Tuesday, February 25, 2014

တရားထိုင်ခြင်းက လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်



 တရားထိုင်ခြင်းက လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်
=====================

ပုံမှန်တရားထိုင်ခြင်းဖြင့် လုပ်ငန်းခွင်နှင့် ဆက်နွယ်သောစိတ်ဖိစီးမှုနှင့် အားအင်ကုန်ခမ်းမှုများကိုကာကွယ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သောလေ့လာဆန်းစစ်မှုတစ်ရပ်အရ သိရသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိသောကလေးများအတွက် သီးသန့်ဖွင့်လှစ်သောကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာများနှင့်ဝန်ထမ်းများမှာ တစ်နေ့လျှင် မိနှစ် ၂၀ကြာ တရားရှုမှတ်ခြင်းအား လေးလတာပြုလုပ်ခဲ့ပြီးချိန်၌ စိတ်ဖိစီးမှုသိသိသာသာလျော့နည်းသွားခဲ့ကြောင်း၊ ပထမဆုံးလ၌ စိတ်ဖိစီးမှုလျှော့နည်းသွားသည့်အပြင် စိတ်အားတက်ကြွမှုပါဖြစ်လာကြောင်း လေ့လာဆန်းစစ်မှုတွင်ပါဝင်သူ သဘာဝဆေးနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ မဟာရီရှီတက္ကသိုလ်မှ သုတေသီ ဆင်ဖိုဒ်နီဒေ့ရှ်က ပြောကြားသည်။

ထို့ပြင် ဆင်ဖိုဒ်နီဒေ့ရှ်က တရားရှုမှတ်သောအဆိုပါကျောင်းဆရာများနှင့် ၀န်ထမ်းများမှာ တစ်နေ့လျှင် မိနှစ် ၂၀ကြာ တရားရှုမှတ်ကာလ လေးလအပြီး၌ စိတ်ဓာတ်ကျဆင်းခြင်းနှင့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြင်းပြခြင်းများပါ လျော့နည်းသွားခဲ့ကြောင်းဆိုသည်။ ထို့ကြောင့် တရားရှုမှတ်ခြင်းသည် စိတ်ဖိစီးမှုအပေါ်ကြီးမားသော အကျိုးသက်ရောက်ရှိပုံရကြောင်း Permanente ဂျာနယ်တွင် ပုံနှိပ်ဖော်ပြထားသော ၎င်းတို့၏ဆောင်းပါး၌ မှတ်ချက်ပြုရေးသားထားသည်။

သုတေသီများက မိမိတို့လေ့လာဆန်းစစ်မှုတွင်ပါဝင်သော တရားရှုမှတ်သူများက မည်သည့်တရားရှုမှတ်နည်းကို အသုံးပြုခဲ့ကြသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ သို့သော်မျက်စိနှစ်ဖက်မှိတ်ပြီး တင်ပျဉ်ခွေထိုင်ကာ လောကသဘာဝနှင့် သာမန်လူတို့ မမီနိုင်သော သဘာဝတရားများရှုမှတ်မှုကို အခြေခံထားသည့် TM ရှုမှတ်နည်းကို အသုံးပြုခဲ့ကြကြောင်း ဖွင့်ဟပြောကြားသည်။

ယခင်ကပြုလုပ်ခဲ့သော လေ့လာဆန်းစစ်ချက်များအရ TM သို့မဟုတ် သတိပဋ္ဌာန်းဝိပတ်ဿနာ ရှုမှတ်နည်းအပါအ၀င် များပြားသော တရားရှုမှတ်နည်းများမှာ ထင်ရှားသည့် အကျိုးကျေးဇူးများစွာရကြောင်း၊ လုပ်ငန်းခွင်ဆိုင်ရာစိတ်ဖိစီးမှုသည် အလုပ်သမားအပြောင်းအလဲများစွာဖြစ်စေသဖြင့် လုပ်ငန်းခွင်၌ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေကြောင်းဆိုသည်။

တချို့သော တရားရှုမှတ်နည်းများမှာ လုပ်ငန်းခွင်အတွင်း၌ပင် ပြုလုပ်နိုင်ကြောင်း၊ သတိပဋ္ဌာန်း တရားရှုမှတ်နည်းသည် စိတ်၏စွမ်းအင်ကို ထိန်းသိမ်းထားနိုင်သဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုရကြောင်း၊ တင်ပျဉ်ခွေထိုင်ပြီး ခန္ဓာကိုယ်ရှိ ၀င်လေထွက်လေအပေါ် အာရုံစူးစိုက်ခြင်းအားဖြင့် မိမိစိတ်အစဉ်အား ပစ္စုပ္ပန်တည့်တည့်သို့ရှောက်ရှိစေကြောင်း၊ တရားရှုမှတ်ခြင်းသည် လုပ်ငန်းခွင်စိတ်ဖိစီးမှု၏ အကောင်းဆုံးထွက်ပေါက်ဖြစ်ကြောင်း နယူးဂျာစီပြည်နယ် အောက်ကလန်မြို့ရှိ သတိတရားဦးဆောင်မှု တက္ကသိုလ်မှ ဒါရိုက်တာဖြစ်သူ ဂျင်နိုက်မာကျူရာဒိုက ပြောကြားသည်။

(ရိုက်တာ) 
ဘာသာပြန်-ဒေါက်တာသာစိန် 
မြန်မာ့အလင်း

ပုံမှန်တရားထိုင်ခြင်းဖြင့် လုပ်ငန်းခွင်နှင့် ဆက်နွယ်သောစိတ်ဖိစီးမှုနှင့် အားအင်ကုန်ခမ်းမှုများကိုကာကွယ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သောလေ့လာဆန်းစစ်မှုတစ်ရပ်အရ သိရသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိသောကလေးများအတွက် သီးသန့်ဖွင့်လှစ်သောကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာများနှင့်ဝန်ထမ်းများမှာ တစ်နေ့လျှင် မိနှစ် ၂၀ကြာ တရားရှုမှတ်ခြင်းအား လေးလတာပြုလုပ်ခဲ့ပြီးချိန်၌ စိတ်ဖိစီးမှုသိသိသာသာလျော့နည်းသွားခဲ့ကြောင်း၊ ပထမဆုံးလ၌ စိတ်ဖိစီးမှုလျှော့နည်းသွားသည့်အပြင် စိတ်အားတက်ကြွမှုပါဖြစ်လာကြောင်း လေ့လာဆန်းစစ်မှုတွင်ပါဝင်သူ သဘာဝဆေးနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ မဟာရီရှီတက္ကသိုလ်မှ သုတေသီ ဆင်ဖိုဒ်နီဒေ့ရှ်က ပြောကြားသည်။

Thursday, February 20, 2014

အားလုံး သတိထားကြဖို့ပါ

တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံ (ကန်) ထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံ (ကန်) ဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံ (ကန်) ထဲမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။

အင်အားကောင်းတဲ့ မူးယစ်ဆေး နဲ့ ရေခဲအစွမ်းဟာ လူကို မနာကြင်စေဘူး လို့ ဆိုပါတယ်။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။

ရဲဌာနက သတိပေးထားတာက အထူးလေ့ကျင့်ထားတဲ့ မှောင်ခိုသမားများဟာ တရုတ်ပြည်ရဲ့ မြို့ကြီးတွေမှာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်၊ သတိထားကြပါ၊ တဲ့။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။

Frozen Keyboard Color စုံနော်



Frozen Keyboard ကို ကာလာလေးတွေနဲ့ သုံးချင်တဲ့ သူငယ်ချင်းများအတွက်ပါ..... ကာလာ (၆) မျိုးနဲ့ အသုံးပြုနိုင်ကြပါပြီ..။



Wednesday, February 5, 2014

လောကကြီးမှာ ယူတတ်ရင် ပညာတွေချည်းပါ...


နင့်ဆိုရင်...


သူငယ်ချင်း အတွက်...


ငါနင့်ကို ယုံကြည်ချင်တယ်ဟာ...


အချစ်များရင်


နင်မရှိရင်


ငါ့ရဲ့အရိုးမရှိတဲ့နှလုံးသားက နာတယ်...


မင်းကို အရမ်းလွမ်းတယ် ချစ်သူရယ်... ♥♥♥


တို့နှစ်ယောက် နီးစပ်ဖို့က အဓိကပါ...


Tuesday, February 4, 2014

အိမ်ထောင်ရှင်များသိသင့်သည့်အချက်များ

လင့်ကျင့်ဝတ်ငါးပါးမှာ

(၁)မြတ်နိုးကြင်နာမူရှိခြင်း

(၂)နှိမ့်ချ၍မဆက်ဆံခြင်းမထီမဲ့မြင်မပြုခြင်း

(၃)မယားအငယ်အနှောင်းမထားခြင်း

(၄)စည်းစိမ်ဥစ္စာကိုအပ်နှံခြင်း

(၅)အ၀တ်တန်ဆာပေးခြင်း

မယားဝတ္တရားငါးပါး


(၁)အိမ်တွင်းမှုချက်ပြုတ်ချုပ်လုပ်စသောအမူကြီးငယ်ကိုကောင်းစွာ စီရင်ခြင်း

(၂)နှစ်ဖက်သောဆွေမျိုးတို့ကိုချီးမြှောက်ခြင်း

(၃)မိမိလင်မှတပါးအခြားယောကျာ်းကိုကျူးလွန်သောအကျင့်မှကင်းခြင်း

(၄)ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကိုထိန်းသိမ်းစောင့်ရှောက်ခြင်း

(၅)အလုံးစုံသောကိစ္စတို့တွင်လိမ္မာရ်ျပျင်းရိမူကင်းခြင်း

ထိုအခြင်းအရာတို့ကိုဆောင်ပုဒ်အနေနဲ့သင်္ဂဇာဆရာတော်က
အိမ်တွင်းမူလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်ရာ ပာုဖွဲ့ဆိုထားပါသည်။

CyberLink PowerDVD 13 Crack & Ultra Fullversion



CyberLink  PowerDVD ကို အားလုံး သိကြမှာပါဗျာ FullVersion လေးမို့ ထပ်တင်ပေးလိုက်ပါတယ်...
CyberLink PowerDVD 13 
If you love movies, PowerDVD is the Blu-ray, 3D & media player for you. Enjoy movies and all your media on your PC, notebook, Smartphone, tablet and TV. Unique CyberLink TrueTheater® enhancements mean a sharper picture, enhanced lighting and smoother motion – even on HD content! A true universal player, PowerDVD makes it simple to play all your movies, videos, photos & music at their best.
How to Activate ?
  1. You must install ultra version of PowerDVD 13 to Activate.Trial Version will not work ( download links given below )
  2. After installation run activator
  3. Select PowerDVD 13 installation path
  4. Click Activate Button ( You must have a working internet connection to complete activation )
  5. That’s it !

Sunday, February 2, 2014

ခြင်ဆေးတစ်ခွေသည် ဆေးလိပ် ၁၃၀ ကျော် နှင့် ညီမျှ


 ခြင်ဆေး ခွေတစ်ခွေတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် ဆေးလိပ်အရေအတွက် ၆၀ ကျော်မှ ၁၃ဝ ကျော်အထိ ပါဝင် သောဓာတုပစ္စည်းများနှင့် ညီမျှသဖြင့် ခြင်ဆေးခွေကို နေ့စဉ်ရှူရှိုက်နေရသူများအနေ ဖြင့် သာမန်ဆေး လိပ်သောက် သူများထက် အသက်အန္တရာယ် ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရ သည်။

အသားအရေခြောက်သွေ့ခြင်းအတွက် ..




 Photo: အသားအရေခြောက်သွေ့ခြင်းအတွက် ..

..ငှက်ပျောသီးမှည့် တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကိုလိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက်လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်

Credit. Mu Mu Beauty Palour
ငှက်ပျောသီးမှည့် တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကိုလိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက်လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက် အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

ဆီးချို ပျောက်တဲ့နည်း




 Photo: ဆီးချို ပျောက်တဲ့နည်း
မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။
ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ 
သကြားပါသည့် အချိုများ မစားရပါ။ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။
 (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ 
တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။တူသောအကျိုး ခံစားရပါစေ။ 
Credit to: ဦးစန်းမောင် (မန်း)http://www.themeltingpot4u.com/2014/01/blog-post_3364.html
မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါဇူလိုင်လ ၂၃ ရက် ၂၀၁၃အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။... ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။