Tuesday, July 26, 2016

အလွယ်ကူဆုံး မုန့်လုပ်နည်းအမျိုးမျိုး

 မုန့်လုပ်နည်းလေးတွေ တော်တော်စုံအောင်ပါပါတယ်ခင်ဗျာ
အများသူငှာ အထောက်အကူဖြစ်စေရန် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျာ
လိုအပ်ပါက အောက်တွင် အလွယ်ကူဆုံးမုန့်လုပ်နည်းအမျိုးမျိုးစာအုပ်ကို ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ

Credit:

                                                   >>Download Here<<

Sunday, January 3, 2016

ကျိုက်ထီးရိုးစေတီတော် သမိုင်း


  စေတီတော် တည်ထားပုံ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။