Friday, August 30, 2013

Buy online Myanmar

အရောင်းအ၀ယ် ဆိုဒ်လေးတစ်ခုပါ အရမ်းအသုံးဝင်ပါတယ်...
သူငယ်ချင်းများ အဆင်ပြေကြပါစေ...☺PPMP♥
http://buyonbm.com

Nokia N8 နဲ့ Belle smartphone တွေအတွက် Maze Lock Pro 1.5

 
ဒီတစ်ခါမှာတော့ Nokia အတွက် application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Nokia အတွက် application တွေက သိကြတဲ့အတိုင်းပဲ အရမ်းရှားပါတယ်။ ဒါပေမဲ့ သူများနာမည်ကြီးတဲ့နောက်ကိုမလိုက်ပဲ ကိုယ့်ဘာသာကိုယ် ဘာပဲဖြစ်ဖြစ် ဆိုပြီး တစ်ကိုယ်တည်းရပ်တည်နေတဲ့ nokia ရဲ့ သတ္တိကတော့ ချီးကြူးစရာပါ။ အခုဆိုရင် Nokia N8 နဲ့ Belle smartphone တွေကို အသုံးပြုလာကြတဲ့ သူတွေကိုလည်း တွေ့နေရပြီဆိုတော့ application လေးတွေကို အလွယ်တကူရနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ။ ဒီ application လေးက ကျွန်တော်တို့ android တွေလိုပဲ ကိုယ့် screen ကို lock လုပ်ပေးတဲ့ application လေးပါ။ ဘယ်သူနဲ့မှ မတူတဲ့ သူ့ design ကိုတွေ့တာနဲ့ Nokia အသုံးပြုတဲ့ သူတွေကတော့ ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒါကြောင့် version 1.50 အနေနဲ့ ထွက်ရှိလာတဲ့ ဒီ application လေးကို Nokia အသုံးပြုသူတွေအတွက်တော့ နှစ်သက်ဖွယ်ရာ စွဲလမ်းမှုမျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ အောက်က ပုံတွေကိုကြည့်ရင် လေ့လာနိုင်အောင်  တင်ပေးလိုက်ပါတယ်ဗျာ။

ကားပြုပြင်ထိန်းသိမ်းခြင်း Mobile Software .apk လေးပါ

 
 
 
Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

              Download=>> Link 1, Link 2

အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက်


 
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက် ပါခင်ဗျာ။ကျနော်ဖတ်မှတ်ထားတဲ့ အရာတွေ၊ လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ အလားလာတွေ ရှောင်ရန် ဆောင်ရန်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို ထပ်ဆင့်မျှဝေပေးပါမယ်။တချို့သောအကြောင်းအရာများကိုဘာသာပြန်ပေးပါ့မယ်။ကျနော်တို့မြန်မာနိုင်ငံသားတော်တော်များများက အင်တာနက်နဲ့ ရင်းနှီးတာ ကာလသိပ်မကြာသေးပါဘူး..တော်တော်များများ သိထားတာက…အင်တာနက်ဆိုတာ ဖျော်ဖြေရေးနဲ့ ဆက်သွယ်မှု့ အရာ..ပညာရပ်များ သိချင်တာများကို လေ့လာနိုင်သောအရာ ဒီလောက်ပဲသိထားကြပါတယ်။ အင်တာနက်ကိုအခြေခံပြီး ၀င်ငွေဖန်တီးလို့ရတယ်ဆိုတာ သိသူတော်တော်ကိုနည်းပါတယ်။ သိတဲ့သူများကလည်း ထပ်ဆင့် မမျှဝေနိုင်ကြဘူး။ အင်တာနက်မှတဆင့် ၀င်ငွေရှာခြင်းနဲ့ တလ၀င်ငွေ ဒေါ်လာ သုံးသောင်းလောက်ထိဝင်တဲ့ မြန်မာတွေရှိပါတယ်..။ ငွေရှာနည်းနဲ့ပတ်သက်လို့ပြောရရင်တော့ အများကြီးရှိပါတယ်လို့ပဲပြောပရစေ…တဆင့်ချင်းကျနော်ဖတ်မှတ်လေ့လာထားတာတွေသုတေသနပြုထားတာတွေလက်တွေ့လုပ်ဆောင်နေ
တာတွေကို ရေးပေးသွားပါမယ်။ ဒီနေရာမှာလိုအပ်ချက်များရှိနေရင်လည်း သိရှိနေသူများမှ ၀ိုင်းဝန်းထောက်ပေးပါ..အကြံပြုပါ ၊ကျနော် တစ်ယောက်ထဲ အားနဲ့ မလုံလောက်ပါဘူး ၊ ကျနော်တို့ အားလုံးပေါင်းစုပြီး ကိုယ့်နိုင်ငံသားတွေ တိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သလောက် အကူညီပေးခြင်းဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝပါတယ်။

Talking SMS and Caller ID


ဒါလေးကတော့ Android Devices တွေအတွက် ဖုန်းဝင်လာရင်ဖြစ်စေ Massage ဝင်လာရင်ဖြစ်စေ ပေးပို့ , ခေါ်ဆို သူရဲ့ နာမည်ကို အသံနဲ့ ပြောပေးမဲ့ App လေးပါ (အင်္ဂလိပ်လိုရေးထားတဲ့ နာမည်တွေပဲ အသံထွက်ပေးနိုင်ပါတယ်).. အားလုံး စမ်းသပ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။


မီးဘေး


ဆေးရုံ တစ်ရုံတွင် မီးလောင်နေသည်။

ဆရာဝန်ကြီးလဲ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။


ထိုစဉ် မီးသတ်သမားများရောက်လာလေသည်။မကြာခင်ပဲ မီးသတ်ခေါင်းဆောင်မှ......

" ဟူးးးးး....စိတ်အေးရပါပီ။လောင်တဲ့ အဆောင် က လူနာ - ၁၂ ယောက် ... မီးလွတ်ရာကို

အမြန်မရွှေ့နိုင်ခဲ့ပါတယ်။

အဲ...မီးဟပ်ခံရတဲ့ လူနာ ၈ - ယောက်ကိုတော့ ....အခု....သတိပြန်ရအောင် ကျနော်တို့

လုပ်ပေးနေပါတယ်။

ဒါပေမဲ့ လူနာ ၂ - ယောက်ကတော့ မီး ထဲ ပါသွားပါတယ်။ "

စကားကို ကြားရသောအခါ ဆရာဝန်ကြီးမှာ သတိလစ် မေ့လဲကျသွားလေသည်။

မီးသတ်သမား များက ဆရာဝန်ကိုနှာနှပ်ပီး သတိပြန်ရအောင် လုပ်ကြရ၏။

သတိရလာသော အခါ မီးသတ်သမားများက ဆရာဝန်ကြီး ကို မေး၏။

" ဒေါက်တာကြီး၊ ဘာဖြစ်သွားတာလဲဗျ "

ဆရာဝန်ကြီးပြန်ဖြေလိုက်တာက.......

" လောင်တဲ့ အဆောင်က လူနာဆောင် မဟုတ်ဖူး၊ရေခဲတိုက်ဗျ။...."....တဲ့

နှစ်ကြီးသမား


အကျဉ်းထောင်တစ်ခုအတွင်း အကျဉ်းသားနှစ်ဦးဆုံမိကြ၏။

ပထမအကျဉ်းသား။      ။ ဘာကြောင့် ထောင်ကျရတာလဲဗျ။
ဒုတိယအကျဉ်းသား။     ။ အလုပ်ထဲမှာ ပြူတင်း ပေါက်မှန်ကို ခွဲမိလို့ပါဗျာ။
ပထမအကျဉ်းသား။      ။ ဘယ်လောက်ကျလို့လဲဗျ။
ဒုတိယအကျဉ်းသား။     ။ ၂၅ နှစ်ပါ။
ပထမအကျဉ်းသား။      ။ ဟာာာာ...များလှချည်လား။ ဒါနဲ့ ..ဘယ်မှာအလုပ်လုပ်ခဲ့တာလဲဗျ။
ဒုတိယအကျဉ်းသား။     ။....ေရငုပ္သေဘာၤ မွာပါ

တစ်ယောက်မှ မရှိပါ

လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"

သူ့လဲမေးပဲနဲ့

ကိုတောသား အိမ်သာတက်နေသည်။ ထိုအချိန်တွင်တစ်ဖက်အခန်းမှအသံထွက်လာသည်။
"ဟေ့လူနေကောင်းလားဗျ"
ကိုတောသား "ကောင်းပါတယ်ဗျ"
တစ်ဖက်မှလူ "ခင်ဗျားဘာတွေလုပ်နေလဲ'"
ကိုတောသား "အိမ်သာထဲရောက်မှတော့အိမ်သာတက်နေတာပေါ"့
တစ်ဖက်မှလူ "အလုပ်တွေရှုပ်နေလား"
ကိုတောသား "ဟေ့လူအိမ်သာတက်နေပါတယ်ဆိုဘာတွေလာမေးနေတာလဲ"
တစ်ဖက်မှလူ "ကျွန်တော်လာခဲ့ရမလား"
ကိုတောသား "ဟာဟေ့လူမလာနဲ့လေ မလာနဲ့မလာနဲ့"
ထိုစဉ်တစ်ဖက်အခန်းမှလူကတံခါးဝုန်းဆိုပိတ်ခါ
"ဟေ့သူငယ်ချင်းငါနောက်မှဖုန်းပြန်ဆက်လိုက်မယ်။ဒီမှာ တစ်ဖက်အခန်းက အူကြောင်ကြောင်ကောင်က ငါမင်းကိုမေးသမျှကို လိုက်ဖြေနေလို့။"

မဟုတ်ဘူးလား


စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........
"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"
လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....
"သုံည (၂) လုံးကျန်မယ်ဆရာ"

နောက်မဖြစ်အောင်


ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။
ဒီတော့ဆရာဝန်က.....
"ဘယ်လိုဖြစ်တာလဲ"
"ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "
"ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ"
"နောက်မဖြစ်တော့ပါဘူး ဆရာ"
"အရက်ဖြတ်မယ်ပေါ့"
"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"

ယုံပါ


လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...
"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ် ဆရာ"
"ဟုတ်လား ဘာတွေလုပ်သလဲ"
"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ"
"ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"

အကြောင်းအရင်း


တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း ပန်းချီဆရာ တစ်ယောက် ကိုတွေ့လို့ မေးလိုက်တယ်...
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့

ရှေ့ပြောနောက်ကြည့်

“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

Sunday, August 11, 2013

" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်



အပျော်သဘောနဲ့ ဘဲဖြစ်ဖြစ် အပျင်းပြေဘဲဖြစ်ဖြစ် ဖတ်ကြည့်လို့ ရအောင်
Mail ထဲကတွေ့ တဲ့ သွေးအမျိုးအစားပိုင်ရှင် အလိုက် ထူးခြားချက်လေးတွေ ဖော်ပြပေးလိုက်ရပါတယ်
ဘယ်သူ ရေးမှန်းမသိလို့ မဖော်ပြတော့ပါဘူး။
ဖတ်ကြည့်လိုက်ဦးနော်..

" AB "သွေးပိုင်ရှင်များ..



Photo: AB "သွေးပိုင်ရှင်များ..
>
> အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
>
> မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း ကြုံရတတ်ပါတယ်... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့ အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို လုပ်တဲ့ အခါမှာ မြန်မြန် ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီး ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့ လုပ်ဆောင်တတ်ပါတယ်တဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား လုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ ကိုယ့်ရဲ့ ကြားမှာ အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာ အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့ အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ ဖြစ်ပါတယ်... ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့ အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကို လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ ဆက်ဆံတတ်သူများလည်း ဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့် ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့... အေဘီသွေးပိုင်ရှင်များက ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို တော်ရုံတန်ရုံနဲ့ ဒေါသလည်း မထွက်တတ်ပါဘူးတဲ့... ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့ စိတ်နေစိတ်ထားကို အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ မြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ ဖြစ်ပါတယ်... —

လမင်းမောင်

>
> အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
>

" B "သွးပိုင်ရှင်များရဲ့ ထူးခြားချက်


ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့... ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့ စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်
တိုက်ဆိုင်မှု ရှိရင် Like & Share

" O " သွေးပိုင်ရှင်များ



Photo: " O " သွေးပိုင်ရှင်များ
>
> ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...
>
> အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့... အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့... ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်... အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး... အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်... တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
>
> အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်... အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့... တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...
>
> ကျန်နေသေးသော အေဘီသွေး အကြောင်းကိုလည်း ဆက်လက် တင်ပြသွားပါဦးမည်....
တိုက်ဆိုင်မှု ရှိရင် Like & Share

http://on.fb.me/UWRK0Q
လမင်းမောင်

>
> ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...
>

လူငယ်တို့ နိုင်ငံကို`ဦးဆောင်မယ်ဆိုရင်




Photo: လူငယ်တို့ နိုင်ငံကို`ဦးဆောင်မယ်ဆိုရင်

လူ့ဘောင်တွင်းမှာ လူငယ်နဲ့ လူကြီး ခြားနားမှုတွေ အရမ်းများလာပါတယ်။ လူကြီးပြောတဲ့ စကား လူငယ်နားထဲ မဝင်တော့သလို၊ လူငယ်ပြောတဲ့ စကားလည်း လူကြီးနားထဲ မဝင်တော့ ပါဘူး။ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ လူစုံမနေတော့ပါဘူး။ မိဘထမင်းဝိုင်း မှာမစုံတော့ပါဘူး။ အိမ်အချိန်မှန် ပြန်မရောက်တော့ပါဘူး။ ကလပ်မှာ၊ ဘီယာဆိုင်မှာ၊ အနှိပ်ခန်းမှာ၊ ပျော်ပွဲစားတန်းမှာ၊ လောင်ကစားဝိုင်းမှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ဂိမ်းဆိုင်မှာ၊ ပန်းခြံမှာ လူငယ်အရေအတွက်တွေ တိုးသထက်တိုးလာပါတယ်။ 

ဒီတော့ လူငယ်တွေထဲမှာ အကြမ်းအားဖြင့် နှစ်မျိုးထွက်ပေါ်လာပါတယ်။ တစ်မျိုးက စာကြမ်းပိုးနဲ့ တစ်မျိုးက ဖြစ်သလို ဖြစ်ပါတယ်။ စားကြမ်းပိုးဆိုတာကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှုအားနည်းပြီး အရာရာကို မျက်ကွယ်ရှုပြီး ကိုယ့်လမ်းကိုလျှောက်နေ သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ စာလည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အလုပ်လည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အပျော်အပါး ခုံမင်မယ်။ ကြားနေကျ အတိုင်းဆိုရင် ဂိမ်းဆော့မယ်၊ ဘော်ဒါတွေနဲ့လိမ့်မယ် အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ စားကြမ်းပိုးလည်း မကောင်းသလို၊ ဖြစ်သလို လူငယ်လည်း မကောင်းပါဘူး။

ဒီတော့ လူကြီးတော်တော်များများက ထွက်တဲ့ လေသံက ဒီလိုပါ “ဒီခေတ်ကလေးတွေ တော်တော်ပျက်ဆီး နေပြီ၊ မင်းတို့ဆီ ငါတို့နိုင်ငံလက်ဆင့်ကမ်းရမှာ ရင်လေးသကွာ” ဆိုတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ခံနိုင်ပါသလား။ ကိုယ်တိုင်ကရော် တကယ်ပျက်ဆီး နေပြီလား။ အမှန်တော့ လူကြီး လူငယ်ကြား ခြားနားမှု ကြီးမားလာခြင်းကြောင့် ဒီလို အသံများ ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ပညာ သင်ကြားဆဲနဲ့ လုပ်ငန်းခွင် စတင်ဝင်ရောက်နေတဲ့ လူငယ်များအတွက် ဒီစာက ရည်ရွယ်ပါ တယ်။ 

၁။ ပညာသင်ကြားခြင်း

တော်တော်များများ ပြောကြပါတယ်။ သင်သာသင်နေတာ၊ ဘာမှအကျိုးမရှိဘူး။ စာမေးပွဲတွေလည်း တစ်ခုပြီးတစ်ခု၊ အစရှိသဖြင့် ငြီးငြူတတ်ကြပါတယ်။ ဒီမှာ ငြီးငြူပြီး အကြောင်းပြချက်အမျိုးမျိုးကို ပညာကို အလေးမထားသူဟာ တကယ် လူညံ့ဖြစ်ပါတယ်။ အချို့ ကဥာဏ်ကောင်းတယ်။ တို့နိုင်ငံ ပညာရေးက အဆင့်နှိမ့်လို့ စာမလုပ်ချင်ဘူး လို့ဆိုပါတယ်။ အမှန်ဆို ဒီလိုနှိမ့်ပါတယ်လို့ ယူဆရင် ကိုယ်က အများထက်သာအောင် လုပ်ပြရမှာ ဖြစ်ပါတယ်။ ခရီးတစ်ခုကို ဆုံးအောင်မသွားရသေးပဲ ဒီခရီးက မပင်ပန်းဘူး (သို့မဟုတ်) မခက်ခဲဘူးလို့ ဟစ်ကြွေးနေလို့မရပါ။ ကိုယ်က ခရီးတစ်ခုလုံးကို ဆုံးအောင် လျှောက်ထားမှ အမျိုးမျိုး ပြန်လည်ဝေဖန်နိုင်မှာဖြစ်ပါတယ်။ ခက်တယ်ဆို လဲခက်တယ်၊ လွယ်တယ်ဆိုလည်း လွယ်တယ် ပြောပြနိုင်အောင် ကြိုးစားခြင်းဖြင့် သက်သေပြရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်က အများအားထားရမယ့် လူတစ်ယောက် ဖြစ်လာ မှာ ဖြစ်ပါတယ်။ 

လွယ်ပါသလား။ လွယ်တယ်ဆိုရင် နံပါတ်တစ်ဖြစ်အောင်ကြိုးစားပြီး သက်သေပြလိုက်ပါ။ သင်ယူရန် ခက်ခဲနေပါသလား အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဒီအခက်အခဲကို သက်သေပြနိုင်အောင် ကြိုးစားပါ။ ဒါဆို ပညာရေးစနစ်တစ်ခုလုံး ပြောင်းလဲမသွားတောင် ကိုယ်က ဒီထဲမှာ အကောင်းဆုံး ဖြစ်နေပါပြီ။ ကျောင်းမလစ်ပါနဲ့။ အတန်းမပျက်ပါနဲ့၊ ဆရာ၊ဆရာမများကို လေးစားပါ။ ပညာကို လေးစားပါ။ ပညာဆိုတာ အမြဲသင်ကြားနေ ရတာဖြစ်ပါတယ်။ ကျောင်းပြီးပေမယ့် ကိုယ်ရောက်ရာအရပ်မှာ အမြဲတမ်း သင်ယူလေ့ လာနေရတာ ဖြစ်ပါတယ်။ 

၂။ ပျော်ရွှင်မှု

စာဖတ်သူတို့ ဘာလုပ်ရင်ပျော်သလဲ။ ဂိမ်းဆော့ရင်ပျော်သလား၊ ဘော်ဒါတွေနဲ့ လိမ့်နေရတာ ပျော်သလား၊ ဘီယာသောက်နေရတာပျော်သလား။ ပျော်ရွှင်မှုကို ဘယ်လို ဖန်တီးပါသလဲ။ ယင်းပျော်ရွှင်မှုက ကိုယ့်အပေါ် ဘယ်လို သက်ရောက်မှု ရှိသလို၊ ကိုယ့်နဲ့သက်ဆိုင်သူများကိုလည်း ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာ ထည့်တွက် စဉ်းစားဖူးပါသလား။ ဆေးလိပ်သောက်တာ မကောင်းမှန်းသိတယ်။ ဒါဆို ဘာလို့သောက်နေ တာလဲ။ သူငယ်ချင်းက စမ်းခိုင်းလို့သောက်ကြည့်ရင်း ကြိုက်သွားတာလား၊ ဖြတ်မရ တာလား၊ ဖြတ်ဖို့ရော စိတ်ကူးရှိသလား။ အရက်၊ ဘီယာ၊ အစရှိသဖြင့် အားလုံး၊အားလုံး ပါဝင်ပါတယ်။ သောက်ပါ၊ စားပါ၊ ပျော်ရွင်ပါ။ သို့သော် မိမိဖန်တီးယူသော ပျော်ရွှင်မှုဟာ သူတစ်ပါးကို မထိခိုက်ဖို့လိုအပ်ပါတယ်။ 

ဒါဆို စာဖတ်သူကပြောမယ်။ “ငါဆေးလိပ်သောက်တာ ဘယ်သူမှမထိခိုက်ဘူး” “အရက်သောက်လို့ ထိခိုက်ဘူး” ပထမဆုံး အနီးစပ်ဆုံး မိဘကိုကြည့်ပါ။ အဖေကြိုက်သလား၊ အမေကြိုက်သလား၊ တားမရလို့ ဒီတိုင်းထားပေမယ့် ကိုယ့်သားသမီး သောက်စားတာကို ဘယ်မိဘက မြင်ချင်ပါသလဲ။ သောက်စား၊ အဂတိလိုက်စားခြင်းဟာ ဘာသာတိုင်းမှာလည်း မကောင်းဘူးလို့ ဆိုထားပါတယ်။ စာဖတ်သူဟာ မိဘလုပ်စာ ထိုင်စားနေသေးပေ မယ့် သောက်စားပျော်ပါး တတ်နေပြီဆိုရင်တော့ တော်တော်လေးကို မိုက်မဲနေပါပြီ။ ဒီအရွယ် ကတည်း သောက်စားပျော်ပါးတတ်နေရင် နောင် အနာဂတ်မှာ ဘယ်လို ဦးဆောင်တော့မလဲ။ ဘယ်လို ကြီးမားတဲ့ တာဝန်တွေယူတော့မလဲ။ တဏှာဆိုတာ ပုထုဇဉ်နဲ့ မပြတ်ဘူးဆိုပေမယ့် အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ခြင်းဟာ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ 

ပြီးတော့ မိဘဖြစ်စေချင်တာ လုပ်ပေးလိုက်တာမျိုးကလည်း ခံစားတတ် ရင် ပျော်ရွှင်မှုတစ်မျိုးဖြစ်ပါတယ်။ ဒီတော့ ပေးဆပ်ခြင်းဖြင့် ရတတ်တဲ့ ပျော်ရွှင်မျိုးကိုလည်း အတတ်နိုင်ဆုံးနားလည် ဖန်တီးတတ်ရပါမယ်။ ဒါဆို အတ္တတွေ အတတ်နိုင်ဆုံးနည်းသွား မှာ ဖြစ်ပါတယ်။

၃။ ဘာသာရေး

အချို့ ဆို“သြကာသ” ပဲ အလွတ်ရတယ်။ ကျန်တာမသိတော့ဘူးလို့ဆိုပါတယ်။ ဘာသာရေး ဆိုတာ လူသားတို့ရဲ့ အရိုင်းစိတ်ကို ဖိထားပေးတဲ့ အရာဝတ္ထုတစ်ခု ဖြစ်ပါတယ်။ ကိုးကွယ်ရာ ဘာသာသာ မရှိတော့ရင် ကမ္ဘာဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ အခုက တည်း ဘုရားစာ အလွတ်မရတော့ဘူး။ ဘုရားကျောင်းပုံမှန် မတတ်တော့ဘူး။ ဝတ်မပြုတော့ဘူး။ အစရှိသဖြင့် အဖက်ဖက်ကသာ ချို့ ယွင်းသွားမယ်ဆိုရင် ကမ္ဘာမပျက် ရင်တောင် ကိုယ်နေတဲ ပတ်ဝန်းကျင် ကြိမ်းသေပျက်ပါတယ်။ ဒီတော့ မိမိကိုးကွယ်တဲ့ ဘာသာအလျောက် လေ့လာ လိုက်စားရန် လိုအပ်ပါတယ်။ ဘာသာရေးမှာ ပြီးပြည့်စုံတဲ့ ဒဿန တရားတွေ ရှိပါတယ်။ အခြားရှာဖတ်စရာမလိုပါ။ ဘာသာရေးစာပေတွေမှာ အပြည့်အစုံ ရှိပါတယ်။ လေ့လာရန် လည်း လွယ်ကူပါတယ်။ အချို့ ကျ ဘသာရေးဆိုတာ အသက်ကြီးမှလုပ်ရတာလို့ ယူဆပါ တယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ ဘာသာရေးကိုအမြဲမပြတ်လုပ်ပြီး မိမိနှင့် ပတ်ဝန်းကျင်ကို ပြန်လည် ထိန်းကျောင်းပေးရခြင်း ဖြစ်ပါတယ်။ 

၎။ ပန်းတိုင် 

ကြိုးသာ ကြိုးစားနေပါတယ်။ ပညာသင်တယ်။ ပျော်ရွှင်မှုကို အတတ်နိုင်ဆုံး ထိန်းကျောင်း ယူတယ်၊ ဘာသာရေး လိုက်စားတယ်။ သို့ပေမယ့် ဘဝပန်းတိုင်မရှိဘူးဆိုရင် အလကားပါပဲ။ ဘဝပန်းတိုင်ဆိုတာဘာလဲ။ စီးပွားရေးလုပ်ငန်းရှင်လား၊ နိုင်ငံအုပ်ချုပ်သူများ၊ ပါရဂူဘွဲ့ရ ဆရာဝန်လား၊ အင်ဂျင်နေယာချုပ်လား အစရှိသဖြင့် အမျိုးမျိုးကွဲပြားပါတယ်။ ထိုကဲ့သို့ နေရာတစ်နေရာရာ၊ ရာထူးတစ်ခုခုကို ပန်းတိုင်ထားပြီး ကြိုးစားနေတယ်ဆို ရင် ကောင်းတယ်ဆိုပေမယ့် အကောင်းဆုံး မဖြစ်သေးပါဘူး။ ဘာလို့လဲဆို ယင်းနေရာတစ်ခု ကို ရောက်ပြီးရင် ဘဝဆိုတာ အဓိပ္ပါယ် မဲ့သွားတတ်ပါတယ်။ လူဆိုတာ ကမ္ဘာမှာ ဥာဏ်ရည် အမြင့်ဆုံး သက်ရှိ ဖြစ်ပါတယ်။ ယင်း နေရာ၊ ရာထူးတစ်ခုဆိုတာ ကိုယ့်ရဲ့ သေးငယ်တဲ့ ပန်းတိုင်အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်ပါတယ်။ 

ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ ခွန်အားတစ်ခုရှိတယ်လို့ အပြည့်အဝယုံကြည် ထားရင် ပန်းတိုင်ဆိုတာ တစ်ခုပြီးတစ်ခု အမြဲရှိနေတတ်ပါတယ်။ ၆လအတွင်းဖြစ် လာမည့်အ ရာ၊ ၁နှစ်အတွင်း ဖြစ်လာမည့်အရာ၊ ၅ နှစ်အတွင်း ဖြစ်လာမည့် အရာ အစရှိသဖြင့် ရည်မှန်းချက်ခိုင်ခိုင်ထားပြီး စိတ်ပျက်အားငယ်ခြင်းမရှိပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးရင် တစ်ခုကအမြဲအဆင်သင့်ရှိနေရပါမယ်။

ပညာအမြဲသင်ကြားလေ့လာထားခြင်း၊ ပျော်ရွှင်မှုကို အကောင်းဆုံးဖန်တီးယူခြင်း၊ ဘာသာရေး လေ့လာလိုက်စားခြင်း၊ ဘဝရည်မှန်းချက် ပန်းတိုင်များ ရှိခြင်း အစရှိသဖြင့် ပြည့်စုံနေရင် ဘယ်သူကမှ မကဲ့ရဲ့ တော့ပါဘူး။ ပျက်ဆီးနေတဲ့သူလို့ မပြောတော့ပါဘူး။ နိုင်ငံကို တကယ် ပုခုံးထမ်း ဦးဆောင်နိုင်တဲ့သူဆိုပြီး လူကြီးတွေ လက်ခံလာကြမှာ ဖြစ်ပါတယ်။ လူကြီးနဲ့ လူငယ်ကြား ဝေးကွာမှု နည်းသွားသလို လူငယ်ဆိုတာ လေးစားစရာ ပုဂ္ဂိုလ်လို့ ထင်လာမှာ ဖြစ်ပါတယ်။ တကယ်ပဲ နိုင်ငံကို အကျိုးပြု တဲ့ လူငယ်များလို့ ကြီးကြီးကျယ်ကျယ် မပြောရင်တောင် ပတ်ဝန်းကျင်က အထင်ကြီးလေး စားရတဲ့ လူငယ်များ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ 
---
အောင်ခမ်း

ဘူး။ မိဘထမင်းဝိုင်း မှာမစုံတော့ပါဘူး။ အိမ်အချိန်မှန် ပြန်မရောက်တော့ပါဘူး။ ကလပ်မှာ၊ ဘီယာဆိုင်မှာ၊ အနှိပ်ခန်းမှာ၊ ပျော်ပွဲစားတန်းမှာ၊ လောင်ကစားဝိုင်းမှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ဂိမ်းဆိုင်မှာ၊ ပန်းခြံမှာ လူငယ်အရေအတွက်တွေ တိုးသထက်တိုးလာပါတယ်။

ဒီတော့ လူငယ်တွေထဲမှာ အကြမ်းအားဖြင့် နှစ်မျိုးထွက်ပေါ်လာပါတယ်။ တစ်မျိုးက စာကြမ်းပိုးနဲ့ တစ်မျိုးက ဖြစ်သလို ဖြစ်ပါတယ်။ စားကြမ်းပိုးဆိုတာကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှုအားနည်းပြီး အရာရာကို မျက်ကွယ်ရှုပြီး ကိုယ့်လမ်းကိုလျှောက်နေ သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ စာလည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အလုပ်လည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အပျော်အပါး ခုံမင်မယ်။ ကြားနေကျ အတိုင်းဆိုရင် ဂိမ်းဆော့မယ်၊ ဘော်ဒါတွေနဲ့လိမ့်မယ် အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ စားကြမ်းပိုးလည်း မကောင်းသလို၊ ဖြစ်သလို လူငယ်လည်း မကောင်းပါဘူး။

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)




Photo: ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ 
(လူငယ်များ အဓိကထား ဖတ်ရှုရန်)

မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။ 

စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။  အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။ 

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……

ကိုယ်တိုင်ကို ဘာကို ဝါသနာ ပါလို့ ပါမှန်းမသိ ကြီးပြင်းရတဲ့ လူများလည်း မနည်းပါဘူး။ ဒီတော့ အားလုံးရဲ့  ရည်မှန်းချက်ပန်းတိုင်က ချမ်းသာ ကြွယ်ဝမှု ဖြစ်လာပါတယ်။ ချမ်းသာပြီးသားလူကျတော့ ဒီထပ်မချမ်းသာရင်တောာင် ဒီထက် ပိုဂုဏ်ရှိတဲ့ နေရာ တစ်ခုအတွက် ရည်မှန်းချက်ထား ကြိုးစားရပြန်ပါတယ်။ 

စာဖတ်သူ ၁၀ ယောက်တည်းမှာ ငွေကြေး အခက်အခဲ ရှိနေသူ တစ်နည်း ချမ်းသာချင်သူ  ၇ ယောက်ထပ် မနည်း ရှိမယ်ဆိုတာ ကြိမ်းသေပြောရဲပါ တယ်။ ဒီတော့ အားလုံရဲ့  ရည်မှန်းချက်က ငွေကြေးချမ်း သာဖို့ ဖြစ်လာပြီး ချမ်းသာတယ်ဆိုတာ ပန်းတိုင် တစ်ခု ဖြစ်လာပါတယ်။ ဒီတော့ ယင်းပန်းတိုင် ကို သွားရမယ့် နည်းလမ်းက ဆရာဝန်လို့ ယူဆတဲ့သူက ဆရာဝန်ဖြစ်ဖို့ ကြိုးစားတယ်။ စစ်ဗိုလ်ဖြစ်အောင် ကြိုးစားမယ်၊ အင်ဂျင်နီယာဖြစ်အောင် ကြိုးစားမယ်။ သင်္ဘောသား ဖြစ်အောင် ကြိုးစားမယ် အစရှိသဖြင့် ကိုယ့် အခြေအနေ နဲ့  အဖြစ်နိုင်ဆုံးကိုပဲ ရွေးချယ်သွားကြပါတယ်။ အားလုံးကို မဆိုလို။ အများစုသော အရေအတွက်ကို ဆိုလိုပါတယ်။ ချမ်းသာဖို့ မဟုတ်ပါဘူး- အေးဆေး ငြိမ်းချမ်းတဲ့ ဘဝတစ်ခု တည်ဆောက်နိုင်ဖို့ အတွက်လေးပါ ဆိုရင်လည်း ဒီထဲမှာ အကြုံးဝင်ပါတယ်။ 

အထက်ပါအတိုင်းတွေးသော စာဖတ်သူများ တကယ်ချမ်းသာလာနိုင် ပါတယ်။ ဖြစ်မလာသူများ ကျရှုံးရသလိုလည်း ဆင်းရဲတွင်းက မလွတ်နိုင်သူများလည်း ရှိလာနိုင်ပါတယ်။ ဒီတော့ ဆရာဝန်တွေ ဖြစ် သွားကြ၊ အင်ဂျင်နီယာတွေဖြစ်သွားကြ၊ အရာရှိတွေ ဖြစ်သွားကြပေမယ့် ကိုယ့်ကိုယ်ကို ဘာဝါသနာ ပါလို့ ပါမှန်း မသိခဲ့ပါဘူး။ အသက်အရွယ်တွေ ရလာပြီး ရာထူးတစ်ခု၊ စည်းစိမ် တစ်ခု ပိုင်ဆိုင်ရပေမယ့်လည်း ငါဘာ ဝါသနာ ပါခဲ့လဲ၊ ဘာလုပ်ချင်ခဲ့သလဲ ဆိုတာ ကိုယ်တိုင်တောင် ဖြေရ ခက်တဲ့ မေးခွန်း ဖြစ်လာတတ်ပါတယ်။ အချို့ ကျတော့ ငြင်းပါတယ်။ ငြင်း မှာပါ။ နေရာတစ်ခု၊ ငွေတစ်ခု၊ အသိုင်းအဝိုင်း တစ်ခု ရပြီ ဖြစ်တဲ့အတွက် ငါဝါသနာပါတာ ဒါတွေပါဆိုပြီး ဟန်ရေးလုပ် ပြောတဲ့အခါ မေးခွန်း ထုတ်မယ့်သူလည်း မရှိတော့ပါဘူး။ ဒီမှာ ဘယ်သူတွေ နစ်နာမှု ရှိသလဲဆို တာ လေ့လာရပါမယ်။ 

မိမိကိုယ်ကိုရော တိုင်းပြည်ကိုရော- ကြီးကြီးမားမားပြောရရင် လောက တစ်ခုလုံးကို နစ်နာစေပါတယ်။ အိုင်းစတိုင်း တစ်ယောက် ဆင်းရဲပေမယ့် ဝါသနာ အထုံတစ်ခုကြောင့် တစ်နေ့တော့ ကမ္ဘာကြီး တစ်ခုလုံးကို ပြောင်း လဲပေးခဲ့ပါမယ်။ မီးသွေးဖိုမှာ အလုပ်လုပ်တဲ့ လင်ကွန်းက အမေရိကန် သမ္မတ ဖြစ်လာရပါတယ်။ ဥပမာ ပြရရင် ဒီတော့ မနည်းပါဘူး။ ဒီတော့ စာရေးသူ လိုရင်းက ဝါသနာ ပါရာကို ဦးစားပေး လုပ်ရင် ဘာမဆို ထိုးထိုးဖောက်ဖောက် အောင်မြင်လို့ တိုင်းပြည်ကြီး တစ်ခုလုံး၊ ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပေးနိုင် တယ် ဆိုတဲ့အချက်လို့  စာဖတ်သူတို့ ရိပ်မိမယ် ထင်ပါတယ်။ ဒီတော့ စာရေးသူတို့ မြန်မာနိုင်ငံတွင်းမှာ ဝါသနာ အထုံ ပါတဲ့ ကလေးငယ်လေးတွေကို သေချာ ပြုစုပျိုးထောင်ပေးနိုင်ရင် တိုင်းပြည်မှာ ကမ္ဘာက လေးစားရတဲ့ အောင်မြင်မှုကြီးများ၊ ပေါက်ရောက်မှု ကြီးများ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြမယ် ထင်ပါတယ်။ 

ယခုမှ ဝါသနာ တစ်ခု ရွေးသတ်မှတ်ခြင်း

ဒါဆို စာဖတ်သူတို့ က ဆိုပါမယ်။ ငါဝါသနာ ပါတာရှိခဲ့တယ်။ တိုင်းပြည်အခြေ အနေကြောင့်၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဒီဝါသနာကို စွန့်လွတ်လိုက်ရတာ- အစရှိသဖြင့် ဆိုနိုင်ပါတယ်။ စာရေးသူ မငြင်းနိုင်ပါဘူး။ သို့သော်လည်း ဒီအတွက် အဖြေရှိပါတယ်။ စာဖတ်သူက အရင်ဆုံး ကိုယ့်ဝါသနာ ကို အဓိပ္ပါယ် ဖွင့်ရပါမယ်။ အကြမ်းချင်းလိုအပ်ချက်ကတော့ မိမိပါတဲ့ ဝါသနာဟာ ၁- မိမိအတွက်ကောင်းကျိုးပြုရမယ်၊ ၂- သူတစ်ပါး အတွက် ကောင်းကျိုးပြုရမယ်။ ဒီနှစ်ချက် ခိုင်လုံရင် စာဖတ်သူ ထားတဲ့ ဝါသနာဟာ တကယ် မှန်သွားပါပြီ။ ဝါသနာ ဆိုတာ ထင်ပေါ်ကျော်ကြားမှု တစ်ခုမဟုတ်ပါဘူး။ ပြောင်းလဲပေးနိုင်မှု ဖြစ်ရပါမယ်။ ဥပမာ- မိမိဝါသနာ ပါလို့ ဖန်တီးချပြလိုက်တဲ့ အရာဟာ လူသားအားလုံးအတွက် ကောင်းကျိုးပြု တယ်ဆိုရင် အလိုအလျာက် ထင်ပေါ်ကျော်ကြားပါတယ်။ ထင်ပေါ်ကျော်ကြား ဖို့အတွက် ဝါသနာ တစ်ခုထားတယ်ဆိုတာ အမှန်တော့ လောဘ တစ်မျိုး သာ ဖြစ်ပါတယ်။ ဝါသနာ မဟုတ်ပါဘူး။ 

စာဖတ်သူ တစ်ဝက်လောက်မှာ ကိုယ်ဝါသနာ ပါတာ ဘာလဲဆိုတာ မသိကြလောက်ပါဘူး။ သို့ပေမယ့် နောက် မကျသေးပါ။ လက်ရှိ ကိုယ်ဝါသနာ ဘာပါတယ်ဆိုတာကို မသိသေးတာကိုပဲ အဆင်ပြေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ ဒါဆို ဝါသနာ တစ်ခု စထားမယ်ဆိုရင်


ကိုယ့်အတွက်ကော၊ အများအတွက်ကော ကောင်းကျိုးပြုရပါမယ်။ 

 ဒီအဆင့်မှာကတည်းက တွက်ချက် ရွေးချယ်ပါ။ လက်ရှိ ရောက်နေတဲ့ အနေအထားအရ ကိုယ့်အတွက် အဆင်ပြေမယ်၊ ကိုယ်ကလည်း ကျွမ်းကျင်နေမယ်၊ ဖြစ်လာဖွယ်လည်း တကယ်ရှိတယ်ဆိုရင် ကိုယ်ထားတဲ့ ဝါသနာက မှန်ပါပြီ။ ဥပမာ- စာဖတ်သူက အထည်ဆိုင်မှာ အထည်ရောင်း ဝန်ထမ်း လုပ်နေရတယ် ဆိုပါစို့။ အထည်နဲ့ ပက်သက်ပြီး လေ့လာအားတစ် ခုခုရှိလို့ စိတ်ဝင်စားလို့ လေ့လာရင်ပို သိလာတဲ့အခါ ဒီအပေါ် အခြေခံလို့ ကိုယ်ဘာများ လုပ်နိုင်မလဲဆိုတာ လမ်းစရှာပါမယ်။ အဖြစ်နိုင်ဆုံး ပြောရရင် ကမ္ဘာ့အနှံ့ဖြန့်ချိတဲ့ အဝတ်အထည်လုပ်ငန်း (သို့မဟုတ်) ကမ္ဘာ့အလှဆုံး အဝတ်အထည်များ ဖန်တီးသူ ဒီဇိုင်နာ အစရှိသဖြင့် အစုံးစွန်ထိ စိတ်ကူးယဉ်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့လည်း ခံယူချက်ရှိထားရင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောရဲပါဘူး။


ဗီဇဝါသနာ ကို အကောင်အထည်ဖော်ခြင်း

အချို့ ကျတော့ ငယ်ငယ်လေးကတည်းက ဖြစ်ချင်တဲ့အရာ၊ လုပ်ချင်တဲ့ အရာ၊ ကိုယ်ဝါသနာ ပါတဲ့ အရာ ရှိနေပြန်ပါသေးတယ်။ မိဘက အတင်းတိုက်တွန်း လို့၊ ပတ်ဝန်းကျင် ပယောဂအမျိုးမျိုးကြောင့် အခြားလမ်းပေါ် ကို လျှောက်နေရပြီ ဆိုပါစို့။ ဒီမှာ ကိုယ်ဝါသနာ ပါတဲ့ အရာမှာ တကယ် ထူးချွန်သလား၊ မထူးချွန်သလားဆိုတာကို အရင်စမ်းစစ်ရပါမယ်။ အချို့ ကျတော့လည်း သီချင်းဆိုတဲ့ ဂီတအနုပညာကို ဝါသနာ ပါတယ်ဆိုပါတယ်။ သို့သော်လည်း အသံက အဆိုတော်တွေလို မကောင်းတော့ မိမိထားတဲ့ ဝါသနာဟာ ရူးသွပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတာကို သိထားသင့်ပါတယ်။ ဒါဆိုရင် လက်လျော့ပြီး အထက်ဖော်ပြပါ ဝါသနာ တစ်ခုရွေးချယ်ခြင်ကို ဖတ်ရှု ကျင့်သုံးသင့်ပါတယ်။ 

အကယ်၍ ကိုယ်ဝါသနာပါတဲ့အရာမှာလည်း တကယ် ထူးချွန်နိုင်အခွင့် အလမ်း ရှိတယ်။ တကယ်လည်း အောင်မြင်နိုင်တယ်လို့ သက်သေအထောက်အထား ခိုင်လုံရင်၊ ယုံကြည်ချက် ရာနှုန်းပြည့်နေရင် လုံးဝ လက်မလျော့ပါနဲ့တော့။ လက်ရှိ လုပ်နေတဲ့အလုပ်၊ လက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းက လုံးဝ စွန့်ခွာနိုင်ပါတယ်။ စာဖတ်သူက ကိုယ်အောင်မြင်မယ်လို့ ကြိမ်းသေ သိရှိပြီး အလောင်းအစား လုပ်ရဲပြီဆိုရင် ကိုယ်ဝါသနာ ပါရာလမ်းကို စလျှောက်နိုင်ပါပြီ။ ဥပမာ တက်လက်စကျောင်းက ပြီးတော့မယ်ဆိုရင် ပြီးအောင် ဆုံးအောင်တက်နေပြီး တစ်ဖက်မှာ ကိုယ်အောင်မြင်ဖို့ သေချာတဲ့အလုပ်ကို ခိုင်ခိုင်မာမာ လက်ဆွဲလို့ လုပ်ကိုင် သင့်ပါတယ်။ ယင်းဝါသနာ အတွက် ငွေကြေးအထောက်အပံ့က ဒီအလုပ်လုပ်မှ၊ ဒီကျောင်းတက်မှ ရနေမယ်ဆိုရင်လည်း တစ်ဖက်ကို လုံးဝ စွန့်လွန့်လိုက်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အရာအတွက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေတယ်ဆိုတဲ့ ခံယူချက် ရှိရပါမယ်။ ဒါဆိုရင် အားလုံး အဆင်ပြေသွားပါပြီ။ ဝါသနာလည်း မစွန့်လွတ်ရသလို လုပ်နေကျ လုပ်ငန်းဆောင်တာ လည်း မပျက်ပါဘူး။

အချို့ ကျတော့လည်းဆိုပါတယ်။ ငွေအလုံအလောက်ရှိဘူး။ ဝါသနာကို အကောင်အထည် ဖော်လို့ မဖြစ်ဘူး။ ဒါတွေကို အထက်ပါ နှစ်ချက်လုံး မှာကတည်က ကြိုတင်စဉ်းစားတွက်ချက်ရမှာ ဖြစ်ပါ တယ်။ ငွေဆိုတာ ကလည်း ဝါသနာကို အကောင်အထည်ဖော်ရာမှာ ဗီလိန်ကြီးတစ်ခု လို ဖြစ်နေတတ်ပါတယ်။ ဒါကို စာဖတ်သူတို့ သိရှိ နားလည်ထားဖို့ လိုအပ်ပါတယ်။ မိမိမှာ ရှိနေတဲ့ ငွေကြေး၊ ထောက်ပံ့ပေးနေသော ငွေကြေး အရင်းအနှီး ထားရှိတဲ့ ဝါသနာ ပန်းတိုင် အစရှိသဖြင့်တို့ အားလုံး တွက်ချက်ပြီး စနစ်ချ ကြိုးပမ်းလို့ ဖြစ်လာနိုင်ပါတယ်။ 

ဒီလောက်ဆိုရင် ဝါသနာ ရှိသူရော၊ ဝါသနာ မရှိသူရော၊ ဆင်းရဲလို့ ဝါသနာ မဖန်တီးနိုင်သူရော၊ ချမ်းသာသော်လည်း ဝါသနာ မရှိသူရော အားလုံး နည်းမှန်းလမ်းမှန်နဲ့ အကောင်အထည် ဖော်နိုင်မယ်လို့ ယူဆပါတယ်။ စာဖတ်သူက ဘာမှ ဝါသနာမပါဘူး။ အေးအေးနေ၊ အေးအေးစား၊ ဘဝ ဆိုတာ ပေါ့ပါးနေတာကိုက ဝါသနာဘာလို့ အကြောင်းပြချက်ပေး မယ်ဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့ လူတစ်ယေက်ပါလို့ ပြောနေတာနဲ့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာ တစ်ခုခု ရှိကို ရှိသင့်တယ်လို့ အလိုအလျောက် သိထားသင့်ပါတယ်။ 

ဝါသနာပါတာလည်း ရှိနေမယ်၊ တကယ်လည်း အကောင်အထည် ဖော်ပြီဆိုရင် မိမိပတ်ဝန်းကျင် အသိုက်အဝန်း တင်မကပဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးမှ ကမ္ဘာ့လူသာားအားလုံး အထိ အကျိုးပြုတော့မယ်ဆိုတာ စာရေးသူ ယုံကြည်ပါတယ်။ 
--
အောင်ခမ်း (work.com.mm)

www.facebook.com/work.com.mm
www.work.com.mm


မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။ အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး" ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။

စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။ အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။

သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။

ဝါသနာဆိုတာ……

အမျိုးသားနဲ့အမျိုးသမီး ဘာကြောင့် ချစ်ကြသလဲ

Photo: စိတ်ညစ်ရာတွေ ကြုံနေရလို့ ပူဆွေးသောကရောက်နေမယ့်အစား စိတ်ညစ်စေတဲ့အရာတွေကို အမြန်ဆုံး ဖြေရှင်းလိုက်ပါ 

အားငယ်စရာတွေကြုံတွေ့နေရလို့ အထီးကျန်ဝမ်းနည်းနေမယ့်အစား အားငယ်စေတဲ့အရာတွေကို အမြန်ဆုံးဖယ်ထုတ်လို့ အားသစ်တွေဖြည့်လိုက်ပါ 

ငိုစရာတွေကြုံတွေ့နေရလို့ မျက်ရည်ကျနေမယ့်အစား ငိုစေတဲ့အရာတွေကိုဖယ်ထုတ် မျက်ရည်ကို သုတ်လို့ အနာဂါတ်ကို ရဲရဲကြည့်ပါ 

ဆူးခင်းလမ်းတွေကျော်သွားရင် ပန်းခင်းလမ်းတွေရောက်လာမယ်
အိပ်မက်ဆိုးတွေ ကျော်သွားရင် နံနက်မိုးသောက်ကို ရောက်လာမယ်
မုန်တိုင်းတွေ ကျော်သွားရင် လေပြည်တွေရောက်လာမယ် 
စိတ်ညစ်စရာတွေကျော်သွားရင် ပျော်ရွှင်စရာတွေရောက်လာမယ် 
အားငယ်စရာတွေကျော်သွားရင် ခွန်အားအသစ်တွေရောက်လာမယ် 

စိတ်မညစ်နဲ့ စိတ်မပျက်နဲ့ ဘယ်တော့မှ အရှုံးမပေးနဲ့ ချစ်သူ...




သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။

မန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ

Photo: မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ-


၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း

၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း

၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း

၎။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း

၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း

၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း

၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း

၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း

၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း

၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း

၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူ
ပိုင်ဆိုင်နိုင်ခြင်း

၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ ကင်းဝေးစေနိုင်ခြင်း

စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေ
နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

http://on.fb.me/UWRK0Q

လမင်းမောင်





၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း

၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း

၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း

၎။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း

၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း

၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း

၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း

၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း

၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း

၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း

၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူ
ပိုင်ဆိုင်နိုင်ခြင်း

၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ ကင်းဝေးစေနိုင်ခြင်း

စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေ
နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

ချစ်သူယောကျာ်းလေးများအားခွင့်လွှတ်သင့်သောအချက်(၁၀)ချက်


Photo: ချစ်သူယောကျာ်းလေးများအားခွင့်လွှတ်သင့်သောအချက်(၁၀)ချက်

၁။ သင်ဖွင့်ပြောတာကိုသူတို့ ငြင်းလိုက်တယ်ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ
၂။ သင်တကယ်ချစ်ရင်ဖွင့်ပြောပြလိုက်ပါ၊ စောင့်မနေပါနဲ့ ..
ကောင်လေးတွေဟာအသည်းကွဲနာကြင်ရင်ပြန်မကောင်းတတ်ကြလို့ ပါ
၃။ သင်သိပ်မဆိုးပါနဲ့ ၊ သူတို့ မှာလဲအတိုင်းအတာတစ်ခုတော့ရှိတာပေါ့
၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ ပါ
၅။ သင့်အတွက်ဆိုပြီးပေးတဲ့ ဟာတွေကို သက်ကမကြိုက်ဘူးဆိုပြီး မလုပ်ပါနဲ့ ၊ သူတညလုံးစဉ်းစားထားတဲ့ အတွေးတွေပါတယ်
၆။ သူ့ ကို ယုံကြည်ပါ အားပေးပါ သင့်အတွက်လုပ်ဆောင်နေတာချည်းပါပဲ
၇။ သူ့ ကို သံသယမ၀င်ပါနဲ့ ၊ ဘယ်သွားမလို့ လဲဆိုတဲ့မေးခွန်းမေးမဲ့အစား သတိထားသွားလို့ ပြောပါ
၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့မပြောပဲနဲ့ လဲမနေနဲ့ 
တစ်ခါတစ်ရံသူတို့ က ဒီစကားကိုပိုကြားချင်ကြတယ်
၉။ သူသင့်အတွက် မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ ပါ၊ သူငိုရင်လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကိုသုတ်ပေးပါ
၁၀။ သူ့ ကိုယုံကြည်ပါ၊ သူသင့်ကိုမလိမ်ပါဘူး၊ လိမ်ခဲ့တယ်ဆိုရင်တောင် white lie ပါ၊ သင်တို့ ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ
 
 
၁။ သင်ဖွင့်ပြောတာကိုသူတို့ ငြင်းလိုက်တယ်ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ
 
၂။ သင်တကယ်ချစ်ရင်ဖွင့်ပြောပြလိုက်ပါ၊ စောင့်မနေပါနဲ့ ..
ကောင်လေးတွေဟာအသည်းကွဲနာကြင်ရင်ပြန်မကောင်းတတ်ကြလို့ ပါ
 
၃။ သင်သိပ်မဆိုးပါနဲ့ ၊ သူတို့ မှာလဲအတိုင်းအတာတစ်ခုတော့ရှိတာပေါ့
 
၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ ပါ
 
၅။ သင့်အတွက်ဆိုပြီးပေးတဲ့ ဟာတွေကို သက်ကမကြိုက်ဘူးဆိုပြီး မလုပ်ပါနဲ့ ၊ သူတညလုံးစဉ်းစားထားတဲ့ အတွေးတွေပါတယ်
 
၆။ သူ့ ကို ယုံကြည်ပါ အားပေးပါ သင့်အတွက်လုပ်ဆောင်နေတာချည်းပါပဲ
 
၇။ သူ့ ကို သံသယမ၀င်ပါနဲ့ ၊ ဘယ်သွားမလို့ လဲဆိုတဲ့မေးခွန်းမေးမဲ့အစား သတိထားသွားလို့ ပြောပါ
 
၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့မပြောပဲနဲ့ လဲမနေနဲ့ 
တစ်ခါတစ်ရံသူတို့ က ဒီစကားကိုပိုကြားချင်ကြတယ်
 
၉။ သူသင့်အတွက် မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ ပါ၊ သူငိုရင်လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကိုသုတ်ပေးပါ
 
၁၀။ သူ့ ကိုယုံကြည်ပါ၊ သူသင့်ကိုမလိမ်ပါဘူး၊ လိမ်ခဲ့တယ်ဆိုရင်တောင် white lie ပါ၊ သင်တို့ ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ

မြတ်စွာဘုရား၏ ဝဋ်တော် (၁၂ ) ပါး



၁။ပထမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဥ် တစ်ခုသော ဘဝဝယ်
မုနာဠိ မည်သော သေသောက်ကြူးဖြစ်၍ သုရဘိ အမည်တော်ရှိသော

Myanmar Songs

သီချင်းတွေဒေါင်းဖို့
Myanmar Songs

Thursday, August 1, 2013

လမင်းမောင်

 ဒီ Blog ကလည်း တော်တော်လေးကို စုံပါတယ်...

.
http://www.bluenavyblog.blogspot.com/

လတိုင်းလတိုင်း ထူးခြားတဲ့ (14)ရက်မြောက်နေ့လေးတွေအကြောင်း

လတိုင်းလတိုင်း(၁၄)ရက်နေ့ရဲ့ထူးခြားချက်များ လတိုင်းလတိုင်းရဲ့ (၁၄)ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။ မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေမှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာ သိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ ရည်ရွယ်လိုက်ပါတယ်

 1. January 14th “Diary Day” နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့ အပြန်အလှန်ချစ်စာလေးတွေရေးဖို့ ဒိုင်ယာရီလက်ဆောင် ပေးသင့်ပါတယ်။

 2. February 14th “Valentine Day” ကိုယ်ချစ်တဲ့သူကို ချောကလက်လေးတွေနဲ့ နှင်းဆီပန်းလှလှလေးတွေ ပေးပို့လေ့ရှိပါတယ်။ ချစ်သူများအတွက်ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။ ”ချစ်သူများနေ့”လို့တင်စားခေါ်ဝေါ်တဲ့ နေ့လေးတစ်နေ့ပေါ့။

3. March 14th “White Day” ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကို သကြားလုံး(သို့) နှစ်သက်ရာ လက်ဆောင်လေးတွေပေးကြတာပါ။

4. April 14th ” Black Day” အနက်ရောင်နေ့လို့ခေါ်ပြီး ချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက် နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီး တစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။ 

5. May 14th “Rose Day” နှင်းဆီများနေ့မှာတော့ ချစ်သူကို နှင်းဆီပန်းလက်ဆောင် ပေးလေ့ရှိပါတယ်။ယောကျာင်္းတွေကချစ်ရသူ မိန်းခလေးကို နှင်းဆီပန်းတွေပေးပြီး သူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။

6. June 14th “Kiss Day” အနမ်းများနေ့ကတော့ သိပ်မကောင်းပါဘူး။သူတို့ယဉ်ကျေးမှုမှာတော့ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအား လုံးကိုနမ်းလို့ရပါတယ်။ချစ်သူကခွင့်ပြုတယ်ဆိုရင်ပေါ့။

7. July 14th “Silver Day” ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ ဒီနေ့မှာငွေထည်များ လက်ဆောင်ပေးလေ့ရှိပါတယ်။

8. August 14th “”Green Day” အစိမ်းရောင်နေ့မှာတော့ ချစ်သူစုံတွဲတွေ သဘာဝအလှအပများရှိရာ နေရာကို အလည်အပတ်သွားပြီးသာယာစွာ ဒီနေ့ရက်ကို ကုန်ဆုံးကြပါတယ်။

9. September 14th “Photo Day” ချစ်သူတွေအချင်းချင်း အဲဒီနေ့မှာ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အချင်းချင်းအမှတ်တရအနေနဲ့ အပြန်အလှန်ပေးကြပါတယ်။

10. October 14th “Wine Day” ဒီနေ့မှာကိုယ့်ရင်ထဲက အချစ်ဆုံးသူနဲ့ ၀ိုင်အတူတူသောက်ပြီး ကြည်ကြည်နုးနူးစကားလေးတွေ သီကျူးကြတဲ့နေ့လေးပါ။

 11. November 14th “Movie Day” ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေ အချစ်ဇာတ်လမ်းလှလှလေးတွေ အတူတူသွားကြည့်ကြတဲ့နေ့ပါ။

12. December 14th “Hug Day” နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလို အေးချမ်းလှတဲ့ ဒီလိုဒီဇင်ဘာလမှာ ကိုယ့်ချစ်သူကို နွေးထွေးမှုအပြည့်ပေးတဲ့အနေနဲ့ ကြင်ကြင်နာနာပွေ့ဖက်ပြီး ချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။

ချစ်သူတိုင်း နေ့ရက်တိုင်းဆီမှာ ရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ။