Sunday, March 17, 2013

To Pen-friend

ကလောင်မိတ်ဆွေ သို့...
သူငယ်ချင်းရေ
အဖြူရောင်သံယောဇဉ်ကားချပ်မှာ
မေတ္တာကိုတည်၊ သစ္စာနဲ့စား
ရလဒ် ၅၂၈ သုညအကြွင်း
မောင်နှမအရင်းလို ချစ်ကြမယ်လေ ။ 
မျိုးနိုင်(တန့်ဆည်)

To Pen-friend
My bearfrend,
On the picture of tie
Let lobe be a dibidend.
Then dibided it by faith.
The result is 528
and the remainder is zero.
So we  love each other
like real brother and sister.
 Myo Naing (Taze)

Loveslave

အချစ်ရဲ့ကျေးကျွန်
အချစ်ဟာ-
ပျားရည်စက်လား
အဆိပ်လား
ဓားတစ်စင်းလား
ဘာပဲဖြစ်ဖြစ် ။
ငါ့အတွက်တော့
ဓါးသွားထက်က
ပျားရည်စက်လည်း
ခုံမင်မိမှာပဲ
ပန်းခင်းထဲက
အဆိပ်ပန်းလည်း
နမ်းရှိုက်မိမှာပဲ။ 
မျိုးနိုင်(တန့်ဆည်)
Loveslave
Love!
Is it a drop of honey
or is a poison?
Is it a sword,
or is a park?
Whatever it is.
For me,
I'm to be fond of even honey
on the sword.
I am to kiss even a poison flower
In the park.         
 Myo Naing(Taze)   

Thursday, March 14, 2013

ရည်းစားစာ



မနေ့ညက အိပ်မက်ထဲမှာ ကျွန်တော့်နတ်သမီးလေး အသေလှတယ်
သတို့သမီးဝတ်စုံနဲ့ နှင်းဆီပန်းတွေရှေ့မှာကြွေကျတယ်
Camera မီးတဖျပ်ဖျပ်နဲ့ ရင်ခုန်သံ တလှပ်လှပ်နဲ့
အနီရောင်ကော်ဇောကြီးအထက်မှာ အပျော်တွေဆိုတာ အကန့်အသတ်မဲ့
စိတ်ချပါကောင်မလေး မရှိတော့ဘူး အမှောင်ညတွေ
ငါ့အိပ်မက်ထဲက အတိုင်းပဲ မင်းနဲ့မင်္ဂလာဆောင်ပါရစေ
ဘ၀ရဲ့အချိုးအကွေ့အနိမ့်မြင့် အတက်အကျ ဒုက္ခနဲ့ ကြုံရပါစေ
ဆင်းရဲပါစေ ချမ်းသာပါစေ ကျန်းမာပါစေ နာဖျားပါစေ
တစ်ဖြည်းဖြည်း ကြီးလာတဲ့အခါ ဘုရားသွားဖော်ဆေးပေးမီးယူ
ဘ၀ဆက်တိုင်းအနားမှာအမြဲ ဘ၀ဆက်တိုင်းချစ်နေမယ့်သူ
ဆံပင်တွေဖြူသွားကျိုးတဲ့အထိ ဒီရင်ခွင်မှာမှေးစက်လိုက်
အဘွားကြီးမျက်လုံးလေးမှိတ် အဘိုးကြီးချော့သိပ်မယ် Good night!
ငြိမ်းချမ်းပါစေ ကောင်မလေးရေ ရင်ထဲကအချစ်များနဲ့ အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ ငါမင်းအတွက်အချိန်တိုင်း ရှိမယ် ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတစ်ယောက်တည်းပဲ ချစ်ပါတယ်…

နှစ်ပတ်လည်(Piano Version)



တန်ဖိုးထားရမယ့် အချစ်တစ်ခုကို ငါတွေ့ချိန် ဘယ်နည်းနဲ့ဖြစ်ဖြစ် မင်းအနားကငါမဝေးချင် တို့နှစ်ယောက်ရဲ့နေ့တွေ တို့နှစ်ယောက်ရဲ့အတွေးတွေ တစ်ချိန်ချိန်ဆိုတာ အနီးစပ်ဆုံး Baby…
ဟိုးတုန်းကနမ်းရှိုက်ခဲ့တဲ့ မင်းနှုတ်ခမ်းပါးလေးလွမ်းနေ မိုးလင်းတိုင်းဖုန်းဆက်နှိုးမယ့် မင်းရဲ့ဖုန်းလေး လွမ်းနေ ငါပေးတဲ့အနမ်းတွေ နင့်ပါးလေးတစ်ဝိုက်အနှံ့လေ ဘယ်လိုဖြတ်သန်းမလဲ တို့နှစ်ယောက် အပတ်စဉ်တွေ့တဲ့ Monday …
အချိန်များလည်းပြောင်းသွားခဲ့ပေါ့ ဆောင်းနွေမိုး … နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း အောက်မေ့လို့ ရောက်ဖို့သိပ်မလို နှစ်ပတ်လည် Valentile ကို ပြန်လာနိုင်မလား ငါလေ စောင့်နေလို့
နင်မေ့လို့ရမလား.. ငါတော့မေ့လို့မရပါ .. အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ … ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ…
ဖြေသိမ့်လိုက်ဦးအချစ်ရေ ငါတို့ဝေးနေတုန်း ယုံကြည်နေဆဲ Baby တစ်နေ့တော့နည်းမယ်လို့ ရည်ရွယ်တစ်သက်လုံးဖို့ ကမ္ဘာမြေပျက်သုဉ်းလို့ သွားသည့်တိုင် မင်ရဲ့အနမ်းများဆက်ဦးမလို့ ငါ့ရဲ့အတွေးတွေလွင့်ပျံလို့(အိုး…ဟို့) ဟိုးအဝေးကြီးက မင်းထံသို့ (အိုး…ဟို့) တမ်းတဆဲပါ မင်းသဏ္ဍာန် မင်းဟန် မင်းအနမ်း မင်းအသံတို့ (အိုး…ဟို့)
အချိန်များလည်းပြောင်းသွားခဲ့ပေါ့ ဆောင်းနွေမိုး … နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း အောက်မေ့လို့ ရောက်ဖို့သိပ်မလို နှစ်ပတ်လည် Valentile ကို ပြန်လာနိုင်မလား ငါလေ စောင့်နေလို့
နင်မေ့လို့ရမလား.. ငါတော့မေ့လို့မရပါ .. အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ … ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ…
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ…

Monday, March 11, 2013

ကျွန်တော်ယူဆထားတဲ့ အရာလေးတွေပါ

တစ်ခါတစ်ခါမှာ အဆင်ပြေမှုတွေက မမျှော်လင့်ပဲ ဖြစ်လာတတ်သလို၊ တစ်ခါတစ်ခါမှာလည်း သေချာစီစဉ်ထားတဲ့ အစီအစဉ်အချို့ဟာ မမျှော်လင့်ပဲ ပျက်သွားတတ်တယ်။

အတတ်နိုင်ဆုံးတော့ကြိုးစားထားပါ။ သင်ကြိုးစားပေမယ့် အခုလောလောဆယ် သင့်ကို ကံကြမ္မာက မျက်နှသာမပေးသေးသော်လည်း သင့်ကြိုးစားမှုအတွက် သင်တစ်နေ့ သင့်ကြိုးစားမှုနဲ့ထိုက်တန်တဲ့ ဆုလာဘ် ရလာလိမ့်မယ်လို့ ယုံကြည်လိုက်ပါ။

လူတိုင်းအတွက် မိတ်ဆွေကောင်းဆိုတာ ရှိသင့်တဲ့အရာပါ။ မိမိအတွက်မိတ်ဆွေကောင်းလိုအပ်သလို မိမိသည်လည်း သူတပါးအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်အောင်နေသင့်တယ်။
လူတိုင်းက ကိုယ့်အပေါ်မကောင်းနိုင်တောင် ကိုယ်က လူတိုင်းအပေါ်ကောင်းနိုင်အောင်ကြိုးစားပါ။
မိန်းကလေးတစ်ယောက်ဟာ ရုပ်လှပနေရုံနဲ့ မပြီးဘူး…
စိတ်ဓါတ်လေးပါ လှပနေဖို့ လိုအပ်တယ်…
မိန်းကလေးတစ်ယောက်ဟာ ဘွဲ့ရပညာတတ်နေရုံနဲ့ မပြီးဘူး…
အသိဥာဏ်ပြည့်ဝဖို့လဲ လိုအပ်တယ်…
မိန်းကလေးတစ်ယောက်ဟာ လုပ်ငန်းတစ်ခုကို ဘယ်လောက်ပဲ ဦးဆောင်နိုင်နေပါစေ...
ကိုယ့်သားသမီးကို စံပြမိခင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနိုင်ရမယ်…
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက် အသံချိုသာနေပါစေ…
ချိုသာတဲ့အသံရဲ့နောက်ကွယ်မှာ ဟန်ဆောင်မှုကင်းနေပါစေ…
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ SOCIAL ကျနေပါစေ…
ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိရမယ်…
တကယ်တမ်းတော့ မိန်းကလေးတစ်ယောက်မှာလိုအပ်တာက
တစ်ခုထဲပါ… မိန်းမ ပီသသော မိန်းမဖြစ်ရမယ်ဆိုတာပါပဲ…
 
သျှင်မေနှင်း

Friday, March 1, 2013

Why I Love You

Why I Love You

You give to me hope
And help me to cope
When life pulls me down
You bring me around

You teach me to care
And help me to share
You make me honest
With kindness the best

From you I learned love
With grace from above
It's for you I live
And I want to give

You are the reason
That fills each season
When I hear love I think of you
You are my world and best friend too

I love you because you are so kind, thoughtful and caring
I love you because you are so pleasant, lovely and sharing

You made me the man I am
Thank you

အချစ်ဆိုတာ

ပိုင်ဆိုင်လိုစိတ် သက်သက်နဲ့ အချစ်ကို သဘောထားရင်လည်း မကောင်းဘူး
အချစ်အတွက် အမြဲပေးဆပ်နေရင်လည်း အချိုမြိန်ဘူး
အချစ်ဆိုတာ နားလည်မှုအပြည့်နဲ့
တစ်ယောက်နဲ့တစ်ယောက် သာတူညီမျှမှုရှိမှ 
ပျော်ရွှင်မှု အပြည့်နဲ့ အချစ်နိဗ္ဗာန်တစ်ခုကို ဖန်တီးနိုင်ကြလိမ့်မယ်
PPMP