အရောင်းအ၀ယ် ဆိုဒ်လေးတစ်ခုပါ အရမ်းအသုံးဝင်ပါတယ်...
သူငယ်ချင်းများ အဆင်ပြေကြပါစေ...☺PPMP♥
http://buyonbm.com
Friday, August 30, 2013
Nokia N8 နဲ့ Belle smartphone တွေအတွက် Maze Lock Pro 1.5
ဒီတစ်ခါမှာတော့
Nokia အတွက် application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Nokia အတွက်
application တွေက သိကြတဲ့အတိုင်းပဲ အရမ်းရှားပါတယ်။ ဒါပေမဲ့
သူများနာမည်ကြီးတဲ့နောက်ကိုမလိုက်ပဲ ကိုယ့်ဘာသာကိုယ် ဘာပဲဖြစ်ဖြစ် ဆိုပြီး
တစ်ကိုယ်တည်းရပ်တည်နေတဲ့ nokia ရဲ့ သတ္တိကတော့ ချီးကြူးစရာပါ။ အခုဆိုရင်
Nokia N8 နဲ့ Belle smartphone တွေကို အသုံးပြုလာကြတဲ့ သူတွေကိုလည်း
တွေ့နေရပြီဆိုတော့ application လေးတွေကို အလွယ်တကူရနိုင်အောင်
တင်ပေးလိုက်ပါတယ်ဗျာ။ ဒီ application လေးက ကျွန်တော်တို့ android တွေလိုပဲ
ကိုယ့် screen ကို lock လုပ်ပေးတဲ့ application လေးပါ။ ဘယ်သူနဲ့မှ မတူတဲ့
သူ့ design ကိုတွေ့တာနဲ့ Nokia အသုံးပြုတဲ့ သူတွေကတော့
ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒါကြောင့် version 1.50 အနေနဲ့
ထွက်ရှိလာတဲ့ ဒီ application လေးကို Nokia အသုံးပြုသူတွေအတွက်တော့
နှစ်သက်ဖွယ်ရာ စွဲလမ်းမှုမျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
အောက်က ပုံတွေကိုကြည့်ရင် လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ။
ကားပြုပြင်ထိန်းသိမ်းခြင်း Mobile Software .apk လေးပါ
Andriod
ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး
ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို
အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ၀င်ငွေရှာလိုသူများအတွက်
အွန်လိုင်းပေါ်မှာ အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး
ဝင်ငွေရှာလိုသူများအတွက် ပါခင်ဗျာ။ကျနော်ဖတ်မှတ်ထားတဲ့ အရာတွေ၊
လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ အလားလာတွေ ရှောင်ရန်
ဆောင်ရန်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို
ထပ်ဆင့်မျှဝေပေးပါမယ်။တချို့သောအကြောင်းအရာများကိုဘာသာပြန်ပေးပါ့မယ်။ကျနော်တို့မြန်မာနိုင်ငံသားတော်တော်များများက
အင်တာနက်နဲ့ ရင်းနှီးတာ ကာလသိပ်မကြာသေးပါဘူး..တော်တော်များများ
သိထားတာက…အင်တာနက်ဆိုတာ ဖျော်ဖြေရေးနဲ့ ဆက်သွယ်မှု့ အရာ..ပညာရပ်များ
သိချင်တာများကို လေ့လာနိုင်သောအရာ ဒီလောက်ပဲသိထားကြပါတယ်။
အင်တာနက်ကိုအခြေခံပြီး ၀င်ငွေဖန်တီးလို့ရတယ်ဆိုတာ
သိသူတော်တော်ကိုနည်းပါတယ်။ သိတဲ့သူများကလည်း ထပ်ဆင့် မမျှဝေနိုင်ကြဘူး။
အင်တာနက်မှတဆင့် ၀င်ငွေရှာခြင်းနဲ့ တလ၀င်ငွေ ဒေါ်လာ သုံးသောင်းလောက်ထိဝင်တဲ့
မြန်မာတွေရှိပါတယ်..။ ငွေရှာနည်းနဲ့ပတ်သက်လို့ပြောရရင်တော့
အများကြီးရှိပါတယ်လို့ပဲပြောပရစေ…တဆင့်ချင်းကျနော်ဖတ်မှတ်လေ့လာထားတာတွေသုတေသနပြုထားတာတွေလက်တွေ့လုပ်ဆောင်နေ
တာတွေကို ရေးပေးသွားပါမယ်။ ဒီနေရာမှာလိုအပ်ချက်များရှိနေရင်လည်း သိရှိနေသူများမှ ၀ိုင်းဝန်းထောက်ပေးပါ..အကြံပြုပါ ၊ကျနော် တစ်ယောက်ထဲ အားနဲ့ မလုံလောက်ပါဘူး ၊ ကျနော်တို့ အားလုံးပေါင်းစုပြီး ကိုယ့်နိုင်ငံသားတွေ တိုးတက်ရေးအတွက် မိမိတို့တတ်နိုင်သလောက် အကူညီပေးခြင်းဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝပါတယ်။

Talking SMS and Caller ID
ဒါလေးကတော့ Android Devices တွေအတွက် ဖုန်းဝင်လာရင်ဖြစ်စေ Massage
ဝင်လာရင်ဖြစ်စေ ပေးပို့ , ခေါ်ဆို သူရဲ့ နာမည်ကို အသံနဲ့ ပြောပေးမဲ့ App
လေးပါ (အင်္ဂလိပ်လိုရေးထားတဲ့ နာမည်တွေပဲ အသံထွက်ပေးနိုင်ပါတယ်).. အားလုံး
စမ်းသပ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
မီးဘေး
ဆရာဝန်ကြီးလဲ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။
ထိုစဉ် မီးသတ်သမားများရောက်လာလေသည်။မကြာခင်ပဲ မီးသတ်ခေါင်းဆောင်မှ......
" ဟူးးးးး....စိတ်အေးရပါပီ။လောင်တဲ့ အဆောင် က လူနာ - ၁၂ ယောက် ... မီးလွတ်ရာကို
အမြန်မရွှေ့နိုင်ခဲ့ပါတယ်။
အဲ...မီးဟပ်ခံရတဲ့ လူနာ ၈ - ယောက်ကိုတော့ ....အခု....သတိပြန်ရအောင် ကျနော်တို့
လုပ်ပေးနေပါတယ်။
ဒါပေမဲ့ လူနာ ၂ - ယောက်ကတော့ မီး ထဲ ပါသွားပါတယ်။ "
ဤ စကားကို ကြားရသောအခါ ဆရာဝန်ကြီးမှာ သတိလစ် မေ့လဲကျသွားလေသည်။
မီးသတ်သမား များက ဆရာဝန်ကိုနှာနှပ်ပီး သတိပြန်ရအောင် လုပ်ကြရ၏။
သတိရလာသော အခါ မီးသတ်သမားများက ဆရာဝန်ကြီး ကို မေး၏။
" ဒေါက်တာကြီး၊ ဘာဖြစ်သွားတာလဲဗျ "
ဆရာဝန်ကြီးပြန်ဖြေလိုက်တာက.......
" လောင်တဲ့ အဆောင်က လူနာဆောင် မဟုတ်ဖူး၊ရေခဲတိုက်ဗျ။...."....တဲ့
နှစ်ကြီးသမား
ပထမအကျဉ်းသား။ ။ ဘာကြောင့် ထောင်ကျရတာလဲဗျ။
ဒုတိယအကျဉ်းသား။ ။ အလုပ်ထဲမှာ ပြူတင်း ပေါက်မှန်ကို ခွဲမိလို့ပါဗျာ။
ပထမအကျဉ်းသား။ ။ ဘယ်လောက်ကျလို့လဲဗျ။
ဒုတိယအကျဉ်းသား။ ။ ၂၅ နှစ်ပါ။
ပထမအကျဉ်းသား။ ။ ဟာာာာ...များလှချည်လား။ ဒါနဲ့ ..ဘယ်မှာအလုပ်လုပ်ခဲ့တာလဲဗျ။
ဒုတိယအကျဉ်းသား။ ။....ေရငုပ္သေဘာၤ မွာပါ ။
တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့"
ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"
"တစ်ယောက်မှ မရှိဘူးထင်တယ်"
"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"
"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"
"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"

သူ့လဲမေးပဲနဲ့
ကိုတောသား အိမ်သာတက်နေသည်။ ထိုအချိန်တွင်တစ်ဖက်အခန်းမှအသံထွက်လာသည်။
"ဟေ့လူနေကောင်းလားဗျ"
ကိုတောသား "ကောင်းပါတယ်ဗျ"
တစ်ဖက်မှလူ "ခင်ဗျားဘာတွေလုပ်နေလဲ'"
ကိုတောသား "အိမ်သာထဲရောက်မှတော့အိမ်သာတက်နေတာပေါ"့
တစ်ဖက်မှလူ "အလုပ်တွေရှုပ်နေလား"
ကိုတောသား "ဟေ့လူအိမ်သာတက်နေပါတယ်ဆိုဘာတွေလာမေးနေတာလဲ"
တစ်ဖက်မှလူ "ကျွန်တော်လာခဲ့ရမလား"
ကိုတောသား "ဟာဟေ့လူမလာနဲ့လေ မလာနဲ့မလာနဲ့"
ထိုစဉ်တစ်ဖက်အခန်းမှလူကတံခါးဝုန်းဆိုပိတ်ခါ
"ဟေ့သူငယ်ချင်းငါနောက်မှဖုန်းပြန်ဆက်လိုက်မယ်။ဒီမှာ တစ်ဖက်အခန်းက အူကြောင်ကြောင်ကောင်က ငါမင်းကိုမေးသမျှကို လိုက်ဖြေနေလို့။"

မဟုတ်ဘူးလား
စိတ်ရောက်ဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........
"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"
လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....
"သုံည (၂) လုံးကျန်မယ်ဆရာ"
နောက်မဖြစ်အောင်
ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။
ဒီတော့ဆရာဝန်က.....
"ဘယ်လိုဖြစ်တာလဲ"
"ကားတံခါးဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "
"ခင်ဗျားမူးနေရင်တော့ဒီလို့ ခဏခဏဖြစ်နေမှာပဲ"
"နောက်မဖြစ်တော့ပါဘူး ဆရာ"
"အရက်ဖြတ်မယ်ပေါ့"
"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"
ယုံပါ
လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...
"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ် ဆရာ"
"ဟုတ်လား ဘာတွေလုပ်သလဲ"
"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ"
"ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"
အကြောင်းအရင်း
တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း ပန်းချီဆရာ တစ်ယောက် ကိုတွေ့လို့ မေးလိုက်တယ်...
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့
ရှေ့ပြောနောက်ကြည့်
“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
Sunday, August 11, 2013
" AB "သွေးပိုင်ရှင်များ..
>
> အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
>
" B "သွးပိုင်ရှင်များရဲ့ ထူးခြားချက်
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို
မနှစ်သက်ကြပါဘူး... ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင် တခြားအလုပ်တစ်ခုကို
တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်... စည်းမျဉ်းစည်းကမ်းတွေကို
သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက် အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့်
လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို ခံရတတ်ပါတယ်... တခါ
ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့
စတိုင်လ်မျိုးပါတဲ့... အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့
အမှားအတွက် တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်... တနည်းအားဖြင့်
အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့ အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်
တိုက်ဆိုင်မှု ရှိရင် Like & Share
တိုက်ဆိုင်မှု ရှိရင် Like & Share
" O " သွေးပိုင်ရှင်များ
>
> ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...
>
လူငယ်တို့ နိုင်ငံကို`ဦးဆောင်မယ်ဆိုရင်
ဘူး။
မိဘထမင်းဝိုင်း မှာမစုံတော့ပါဘူး။ အိမ်အချိန်မှန် ပြန်မရောက်တော့ပါဘူး။
ကလပ်မှာ၊ ဘီယာဆိုင်မှာ၊ အနှိပ်ခန်းမှာ၊ ပျော်ပွဲစားတန်းမှာ၊
လောင်ကစားဝိုင်းမှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ဂိမ်းဆိုင်မှာ၊ ပန်းခြံမှာ
လူငယ်အရေအတွက်တွေ တိုးသထက်တိုးလာပါတယ်။
ဒီတော့ လူငယ်တွေထဲမှာ အကြမ်းအားဖြင့် နှစ်မျိုးထွက်ပေါ်လာပါတယ်။ တစ်မျိုးက စာကြမ်းပိုးနဲ့ တစ်မျိုးက ဖြစ်သလို ဖြစ်ပါတယ်။ စားကြမ်းပိုးဆိုတာကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှုအားနည်းပြီး အရာရာကို မျက်ကွယ်ရှုပြီး ကိုယ့်လမ်းကိုလျှောက်နေ သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ စာလည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အလုပ်လည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အပျော်အပါး ခုံမင်မယ်။ ကြားနေကျ အတိုင်းဆိုရင် ဂိမ်းဆော့မယ်၊ ဘော်ဒါတွေနဲ့လိမ့်မယ် အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ စားကြမ်းပိုးလည်း မကောင်းသလို၊ ဖြစ်သလို လူငယ်လည်း မကောင်းပါဘူး။

ဘဝမှာ ဝါသနာမပါတာ လုပ်နေရတဲ့အခါ (လူငယ်များ အဓိကထား ဖတ်ရှုရန်)
မနက်က ညီမလေး ဖုန်းဆက်လာပါတယ်။ “အစ်ကို ညီမ ဒီကျောင်း ဆက်မတက်ချင်တော့ဘူး။
အဝေးသင် မေဂျာတစ်ခုပြောင်းမယ်၊ အလုပ်လုပ်မယ်၊ ကျောင်းပြောင်းဖို့ ကူညီပေး"
ရင်ထဲအစို့နှင့်ဆုံး စကားကြားရတာပါပဲ။
စာရေးသူရဲ့  ညီမလေးက အတန်အသင့် ထူးချွန်ပါတယ်။ ၁၀ တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်ပြီး သူတက်ချင်တဲ့ တက္ကသိုလ်တစ်ခု အမှတ်မမှီလို့ အမှတ်နဲ့ လျော်ညီတဲ့ တက္ကသိုလ်တစ်ခုကို တက်ပါတယ်။ အခုတော့ သူမ အခု တက်နေတဲ့ တက္ကသိုလ်မှာလည်း ပညာပုံမှန် သင်ကြားပြီး နှစ်ချင်းပေါက် အောင်ပါတယ်။ နှစ်နှစ်ပြည့်ပြီး တတိယနှစ်တက် ဖို့ စောင့်ဆိုင်းနေချိန်ခါမှ ယခုလို ရုတ်တရက်စကားဆိုလာခြင်းအတွက် အံ့သြခဲ့ရပါတယ်။
သို့ပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်ချိန်တော့ မအံ့သြတော့ ပါဘူး။ ဘာလို့လဲဆို စာရေးသူ ညီမလိုပဲ၊ စာရေးသူ ကိုယ်တိုင် လိုပဲ ဘဝမှာ ဝါသနာမပါတာ၊ စိတ်မပါတာ လုပ်နေရတယ်လို့ ခံစားနေရ သူပေါင်း မြောက်များစွာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုခံစားနေရ သူများ၊ ဖြစ်နေသူများကို စာရေးသူ အကြံပေးလိုသော ဆန္ဒများ ဖြစ်လာရ ပါတယ်။ အကယ်၍ စာဖတ်သူသာ ကိုယ်ဝါသနာ မပါတာ လုပ်နေရတယ်လို့ ယူဆရင် အောက်ပါ အချက်များကို သေချာ လေ့လာသင့်ပါတယ်။
ဝါသနာဆိုတာ……

အမျိုးသားနဲ့အမျိုးသမီး ဘာကြောင့် ချစ်ကြသလဲ
သဘာဝ တရား အရ ယောက်ျားတွေဟာ ကိုယ် နဲ့ သွေးမတော် သားမစပ် တဲ့
အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်းဝင်ကြ ပါတယ်။ တချို့ စုံတွဲတွေ က ရုပ်ရည် အ
သွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ
ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင်
စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ
အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။
မန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ
၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း
၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း
၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
ကင်းဝေးခြင်း
၎။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း
၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း
၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း
၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း
၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း
၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း
၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း
၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူ
ပိုင်ဆိုင်နိုင်ခြင်း
၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ ကင်းဝေးစေနိုင်ခြင်း
စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးစေ
နိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။
ချစ်သူယောကျာ်းလေးများအားခွင့်လွှတ်သင့်သောအချက်(၁၀)ချက်
၁။ သင်ဖွင့်ပြောတာကိုသူတို့ ငြင်းလိုက်တယ်ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာပါ
၂။ သင်တကယ်ချစ်ရင်ဖွင့်ပြောပြလိုက်ပါ၊ စောင့်မနေပါနဲ့ ..
ကောင်လေးတွေဟာအသည်းကွဲနာကြင်ရင်ပြန်မကောင်းတတ်ကြလို့ ပါ
ကောင်လေးတွေဟာအသည်းကွဲနာကြင်ရင်ပြန်မကောင်းတတ်ကြလို့ ပါ
၃။ သင်သိပ်မဆိုးပါနဲ့ ၊ သူတို့ မှာလဲအတိုင်းအတာတစ်ခုတော့ရှိတာပေါ့
၎။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ ပါ
၅။ သင့်အတွက်ဆိုပြီးပေးတဲ့ ဟာတွေကို သက်ကမကြိုက်ဘူးဆိုပြီး မလုပ်ပါနဲ့ ၊ သူတညလုံးစဉ်းစားထားတဲ့ အတွေးတွေပါတယ်
၆။ သူ့ ကို ယုံကြည်ပါ အားပေးပါ သင့်အတွက်လုပ်ဆောင်နေတာချည်းပါပဲ
၇။ သူ့ ကို သံသယမ၀င်ပါနဲ့ ၊ ဘယ်သွားမလို့ လဲဆိုတဲ့မေးခွန်းမေးမဲ့အစား သတိထားသွားလို့ ပြောပါ
၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့မပြောပဲနဲ့ လဲမနေနဲ့ 
တစ်ခါတစ်ရံသူတို့ က ဒီစကားကိုပိုကြားချင်ကြတယ်
တစ်ခါတစ်ရံသူတို့ က ဒီစကားကိုပိုကြားချင်ကြတယ်
၉။ သူသင့်အတွက် မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ ပါ၊ သူငိုရင်လက်ကလေးကိုကိုင်ပြီး မျက်ရည်တွေကိုသုတ်ပေးပါ
၁၀။ သူ့ ကိုယုံကြည်ပါ၊ သူသင့်ကိုမလိမ်ပါဘူး၊ လိမ်ခဲ့တယ်ဆိုရင်တောင် white lie ပါ၊ သင်တို့ ရဲ့ အချစ်ခိုင်မြဲဖို့ အတွက်ပါ
မြတ်စွာဘုရား၏ ဝဋ်တော် (၁၂ ) ပါး
၁။ပထမဝဋ်တော်။
။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဥ် တစ်ခုသော ဘဝဝယ်
မုနာဠိ မည်သော သေသောက်ကြူးဖြစ်၍ သုရဘိ အမည်တော်ရှိသော
မုနာဠိ မည်သော သေသောက်ကြူးဖြစ်၍ သုရဘိ အမည်တော်ရှိသော
Thursday, August 1, 2013
လတိုင်းလတိုင်း ထူးခြားတဲ့ (14)ရက်မြောက်နေ့လေးတွေအကြောင်း
လတိုင်းလတိုင်း(၁၄)ရက်နေ့ရဲ့ထူးခြားချက်များ လတိုင်းလတိုင်းရဲ့
(၁၄)ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။
မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။လတိုင်းရဲ့
(၁၄)ရက်နေ့လေးတွေမှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာ
သိရအောင်လို့ပါ။
ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ ရည်ရွယ်လိုက်ပါတယ်
1. January 14th “Diary Day” နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့ အပြန်အလှန်ချစ်စာလေးတွေရေးဖို့ ဒိုင်ယာရီလက်ဆောင် ပေးသင့်ပါတယ်။
2. February 14th “Valentine Day” ကိုယ်ချစ်တဲ့သူကို ချောကလက်လေးတွေနဲ့ နှင်းဆီပန်းလှလှလေးတွေ ပေးပို့လေ့ရှိပါတယ်။ ချစ်သူများအတွက်ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။ ”ချစ်သူများနေ့”လို့တင်စားခေါ်ဝေါ်တဲ့ နေ့လေးတစ်နေ့ပေါ့။
3. March 14th “White Day” ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကို သကြားလုံး(သို့) နှစ်သက်ရာ လက်ဆောင်လေးတွေပေးကြတာပါ။
4. April 14th ” Black Day” အနက်ရောင်နေ့လို့ခေါ်ပြီး ချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက် နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီး တစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။
5. May 14th “Rose Day” နှင်းဆီများနေ့မှာတော့ ချစ်သူကို နှင်းဆီပန်းလက်ဆောင် ပေးလေ့ရှိပါတယ်။ယောကျာင်္းတွေကချစ်ရသူ မိန်းခလေးကို နှင်းဆီပန်းတွေပေးပြီး သူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။
6. June 14th “Kiss Day” အနမ်းများနေ့ကတော့ သိပ်မကောင်းပါဘူး။သူတို့ယဉ်ကျေးမှုမှာတော့ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအား လုံးကိုနမ်းလို့ရပါတယ်။ချစ်သူကခွင့်ပြုတယ်ဆိုရင်ပေါ့။
7. July 14th “Silver Day” ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ ဒီနေ့မှာငွေထည်များ လက်ဆောင်ပေးလေ့ရှိပါတယ်။
8. August 14th “”Green Day” အစိမ်းရောင်နေ့မှာတော့ ချစ်သူစုံတွဲတွေ သဘာဝအလှအပများရှိရာ နေရာကို အလည်အပတ်သွားပြီးသာယာစွာ ဒီနေ့ရက်ကို ကုန်ဆုံးကြပါတယ်။
9. September 14th “Photo Day” ချစ်သူတွေအချင်းချင်း အဲဒီနေ့မှာ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အချင်းချင်းအမှတ်တရအနေနဲ့ အပြန်အလှန်ပေးကြပါတယ်။
10. October 14th “Wine Day” ဒီနေ့မှာကိုယ့်ရင်ထဲက အချစ်ဆုံးသူနဲ့ ၀ိုင်အတူတူသောက်ပြီး ကြည်ကြည်နုးနူးစကားလေးတွေ သီကျူးကြတဲ့နေ့လေးပါ။
11. November 14th “Movie Day” ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေ အချစ်ဇာတ်လမ်းလှလှလေးတွေ အတူတူသွားကြည့်ကြတဲ့နေ့ပါ။
12. December 14th “Hug Day” နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလို အေးချမ်းလှတဲ့ ဒီလိုဒီဇင်ဘာလမှာ ကိုယ့်ချစ်သူကို နွေးထွေးမှုအပြည့်ပေးတဲ့အနေနဲ့ ကြင်ကြင်နာနာပွေ့ဖက်ပြီး ချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။
ချစ်သူတိုင်း နေ့ရက်တိုင်းဆီမှာ ရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ။

Subscribe to:
Posts (Atom)