Thursday, August 1, 2013

လတိုင်းလတိုင်း ထူးခြားတဲ့ (14)ရက်မြောက်နေ့လေးတွေအကြောင်း

လတိုင်းလတိုင်း(၁၄)ရက်နေ့ရဲ့ထူးခြားချက်များ လတိုင်းလတိုင်းရဲ့ (၁၄)ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။ မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေမှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာ သိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ ရည်ရွယ်လိုက်ပါတယ်

 1. January 14th “Diary Day” နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့ အပြန်အလှန်ချစ်စာလေးတွေရေးဖို့ ဒိုင်ယာရီလက်ဆောင် ပေးသင့်ပါတယ်။

 2. February 14th “Valentine Day” ကိုယ်ချစ်တဲ့သူကို ချောကလက်လေးတွေနဲ့ နှင်းဆီပန်းလှလှလေးတွေ ပေးပို့လေ့ရှိပါတယ်။ ချစ်သူများအတွက်ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။ ”ချစ်သူများနေ့”လို့တင်စားခေါ်ဝေါ်တဲ့ နေ့လေးတစ်နေ့ပေါ့။

3. March 14th “White Day” ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကို သကြားလုံး(သို့) နှစ်သက်ရာ လက်ဆောင်လေးတွေပေးကြတာပါ။

4. April 14th ” Black Day” အနက်ရောင်နေ့လို့ခေါ်ပြီး ချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက် နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီး တစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။ 

5. May 14th “Rose Day” နှင်းဆီများနေ့မှာတော့ ချစ်သူကို နှင်းဆီပန်းလက်ဆောင် ပေးလေ့ရှိပါတယ်။ယောကျာင်္းတွေကချစ်ရသူ မိန်းခလေးကို နှင်းဆီပန်းတွေပေးပြီး သူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။

6. June 14th “Kiss Day” အနမ်းများနေ့ကတော့ သိပ်မကောင်းပါဘူး။သူတို့ယဉ်ကျေးမှုမှာတော့ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအား လုံးကိုနမ်းလို့ရပါတယ်။ချစ်သူကခွင့်ပြုတယ်ဆိုရင်ပေါ့။

7. July 14th “Silver Day” ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ ဒီနေ့မှာငွေထည်များ လက်ဆောင်ပေးလေ့ရှိပါတယ်။

8. August 14th “”Green Day” အစိမ်းရောင်နေ့မှာတော့ ချစ်သူစုံတွဲတွေ သဘာဝအလှအပများရှိရာ နေရာကို အလည်အပတ်သွားပြီးသာယာစွာ ဒီနေ့ရက်ကို ကုန်ဆုံးကြပါတယ်။

9. September 14th “Photo Day” ချစ်သူတွေအချင်းချင်း အဲဒီနေ့မှာ ဓါတ်ပုံလှလှလေးတွေရိုက်ပြီး အချင်းချင်းအမှတ်တရအနေနဲ့ အပြန်အလှန်ပေးကြပါတယ်။

10. October 14th “Wine Day” ဒီနေ့မှာကိုယ့်ရင်ထဲက အချစ်ဆုံးသူနဲ့ ၀ိုင်အတူတူသောက်ပြီး ကြည်ကြည်နုးနူးစကားလေးတွေ သီကျူးကြတဲ့နေ့လေးပါ။

 11. November 14th “Movie Day” ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေ အချစ်ဇာတ်လမ်းလှလှလေးတွေ အတူတူသွားကြည့်ကြတဲ့နေ့ပါ။

12. December 14th “Hug Day” နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလို အေးချမ်းလှတဲ့ ဒီလိုဒီဇင်ဘာလမှာ ကိုယ့်ချစ်သူကို နွေးထွေးမှုအပြည့်ပေးတဲ့အနေနဲ့ ကြင်ကြင်နာနာပွေ့ဖက်ပြီး ချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။

ချစ်သူတိုင်း နေ့ရက်တိုင်းဆီမှာ ရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ။ 

No comments:

Post a Comment