Tuesday, February 4, 2014

အိမ်ထောင်ရှင်များသိသင့်သည့်အချက်များ

လင့်ကျင့်ဝတ်ငါးပါးမှာ

(၁)မြတ်နိုးကြင်နာမူရှိခြင်း

(၂)နှိမ့်ချ၍မဆက်ဆံခြင်းမထီမဲ့မြင်မပြုခြင်း

(၃)မယားအငယ်အနှောင်းမထားခြင်း

(၄)စည်းစိမ်ဥစ္စာကိုအပ်နှံခြင်း

(၅)အ၀တ်တန်ဆာပေးခြင်း

မယားဝတ္တရားငါးပါး


(၁)အိမ်တွင်းမှုချက်ပြုတ်ချုပ်လုပ်စသောအမူကြီးငယ်ကိုကောင်းစွာ စီရင်ခြင်း

(၂)နှစ်ဖက်သောဆွေမျိုးတို့ကိုချီးမြှောက်ခြင်း

(၃)မိမိလင်မှတပါးအခြားယောကျာ်းကိုကျူးလွန်သောအကျင့်မှကင်းခြင်း

(၄)ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကိုထိန်းသိမ်းစောင့်ရှောက်ခြင်း

(၅)အလုံးစုံသောကိစ္စတို့တွင်လိမ္မာရ်ျပျင်းရိမူကင်းခြင်း

ထိုအခြင်းအရာတို့ကိုဆောင်ပုဒ်အနေနဲ့သင်္ဂဇာဆရာတော်က
အိမ်တွင်းမူလုပ်၊ သိမ်းထုတ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်ရာ ပာုဖွဲ့ဆိုထားပါသည်။


လောကနီတိ 

မယားအပြားခုနှစ်ပါး

(၁) အမျက်ဒေါသကြီးလျက်လင်ကိုပြစ်မှားတတ်သော သူသတ်နှင့်တူသောမယား

(၂)လင်ဖြစ်သူရှာဖွေသောပစ္စည်းမှသိုဝှက်ထားတတ်သော သူခိုးနှင့်တူသောမယား

(၃)လင်ကိုနှိမ့်ချရ်ျအစေအပါးသဖွယ်ပြုတတ်သော အရှင်နှင့်တူသောမယား

အဆိုပါမယား(၃)မျိုးတို့မှာငရဲကျတတ်ဧ။် ။

(၄)ဥစ္စာစီးပွားကိုစောင့်ရှောက်ကာထိန်းသိမ်းစီမံတတ်သောမိခင်နှ င့်တူသောမယား

(၅)နှမအသွင်လင်ယောကျာ်းအပေါ်ရှက်ကြောက်ရိုသေလျက်လင့်အလိုသို့လိုက်တတ်သောမယား

(၆)ချစ်ခင်သောအမူအရာဖြင့်ကျင့်ဝတ်နှင့်အညီနေကာလွန်စွာမြတ်နိုးတတ်သောမိတ်ဆွေနှင့်တူသောမယား

(၇)အမျက်မထားစကားမလှန်သည်းညည်းခံပြီးလင့်အလိုကိုသာလိုက်နာပြု မူတတ်သောကျွန်နှင့်တုသောမယား


လေ့လာကြည့်မည်ဆိုလျှင်တွေ့နိုင်မည့် 
ယောကျာ်းအမျိုးအစား တို့ မှာ………………..

(၁)အသွယောကျာ်း - ပစ္စည်းတပ်မက်၏လိမ်ညာတတ်၏။သစ္စာမဲ့၏။အရှက်အကြောက်မရှိ

(၂)ပြသာဘယောကျာ်း - အပျော်အပါးမက်၏။ငြူစူစောင်းမြောင်းတတ်၏။မေထုန်အမူတွင်လွန် ကဲ၏။

(၃)မြီဂယောကျာ်း - သည်းခံ၏။သနားတတ်၏။ရိုသေထိုက်သူကိုရိုသေ၏။ပညာကိုလိုလား၏။ေ ကာင်းသောစကားကိုဆို၏။

(၄)အသာဂယောကျာ်း- အသားအရေနူးညံ့၏။လက်ချောင်းခြေချောင်းရှည်သွယ်၏။ရင်ဘတ်ကျယ် ၏။သနားတတ်၏။သီလရှိ၏။

ခင်ပွန်းယုတ်အပြစ်ခြောက်ပါး

(၁)လောင်းကစားကြူးသူ

(၂)ကာမဂုဏ်ကြူးသူ

(၃)သေသောက်ကြူးသူ

(၄)အတုပြုရ်ျလိမ်လည်လှည့်ဖြားသူ

(၅)ပရိယာယ်ဖြင့်မျက်မှောက်တွင်ပင်လိမ်လည်လှည့်ဖျားတတ်သူ

(၆)အနိုင်အထက်ပြုတတ်သူ

အဆိုပါအချက်များကိုပြုမူကျင့်သုံးသူကိုခင်ပွန်းဆိုးအဖြစ်ေ ကာက်ချက်ချနိုင်သည်။

No comments:

Post a Comment