Thursday, March 14, 2013

ရည်းစားစာ



မနေ့ညက အိပ်မက်ထဲမှာ ကျွန်တော့်နတ်သမီးလေး အသေလှတယ်
သတို့သမီးဝတ်စုံနဲ့ နှင်းဆီပန်းတွေရှေ့မှာကြွေကျတယ်
Camera မီးတဖျပ်ဖျပ်နဲ့ ရင်ခုန်သံ တလှပ်လှပ်နဲ့
အနီရောင်ကော်ဇောကြီးအထက်မှာ အပျော်တွေဆိုတာ အကန့်အသတ်မဲ့
စိတ်ချပါကောင်မလေး မရှိတော့ဘူး အမှောင်ညတွေ
ငါ့အိပ်မက်ထဲက အတိုင်းပဲ မင်းနဲ့မင်္ဂလာဆောင်ပါရစေ
ဘ၀ရဲ့အချိုးအကွေ့အနိမ့်မြင့် အတက်အကျ ဒုက္ခနဲ့ ကြုံရပါစေ
ဆင်းရဲပါစေ ချမ်းသာပါစေ ကျန်းမာပါစေ နာဖျားပါစေ
တစ်ဖြည်းဖြည်း ကြီးလာတဲ့အခါ ဘုရားသွားဖော်ဆေးပေးမီးယူ
ဘ၀ဆက်တိုင်းအနားမှာအမြဲ ဘ၀ဆက်တိုင်းချစ်နေမယ့်သူ
ဆံပင်တွေဖြူသွားကျိုးတဲ့အထိ ဒီရင်ခွင်မှာမှေးစက်လိုက်
အဘွားကြီးမျက်လုံးလေးမှိတ် အဘိုးကြီးချော့သိပ်မယ် Good night!
ငြိမ်းချမ်းပါစေ ကောင်မလေးရေ ရင်ထဲကအချစ်များနဲ့ အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ ငါမင်းအတွက်အချိန်တိုင်း ရှိမယ် ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ် ဒီတစ်ယောက်တည်းပဲ ချစ်ပါတယ်…

No comments:

Post a Comment