Monday, March 11, 2013

ကျွန်တော်ယူဆထားတဲ့ အရာလေးတွေပါ

တစ်ခါတစ်ခါမှာ အဆင်ပြေမှုတွေက မမျှော်လင့်ပဲ ဖြစ်လာတတ်သလို၊ တစ်ခါတစ်ခါမှာလည်း သေချာစီစဉ်ထားတဲ့ အစီအစဉ်အချို့ဟာ မမျှော်လင့်ပဲ ပျက်သွားတတ်တယ်။

အတတ်နိုင်ဆုံးတော့ကြိုးစားထားပါ။ သင်ကြိုးစားပေမယ့် အခုလောလောဆယ် သင့်ကို ကံကြမ္မာက မျက်နှသာမပေးသေးသော်လည်း သင့်ကြိုးစားမှုအတွက် သင်တစ်နေ့ သင့်ကြိုးစားမှုနဲ့ထိုက်တန်တဲ့ ဆုလာဘ် ရလာလိမ့်မယ်လို့ ယုံကြည်လိုက်ပါ။

လူတိုင်းအတွက် မိတ်ဆွေကောင်းဆိုတာ ရှိသင့်တဲ့အရာပါ။ မိမိအတွက်မိတ်ဆွေကောင်းလိုအပ်သလို မိမိသည်လည်း သူတပါးအတွက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်အောင်နေသင့်တယ်။
လူတိုင်းက ကိုယ့်အပေါ်မကောင်းနိုင်တောင် ကိုယ်က လူတိုင်းအပေါ်ကောင်းနိုင်အောင်ကြိုးစားပါ။

No comments:

Post a Comment