Sunday, July 21, 2013

ရွှေတိဂုံစေတီတော်၏အံ.ဖွယ်(၉)ပါး

၁..ပတ္တမြားမျက်ရှင် ဘုရား

၂..၀ိဇ္ဇ္ဇာဇော်ဂျီ ဘုရား

၃..ရှင်စောပု ဘုရား

၎..ဆံတော်တွင်း ရုပ်ပွားတော်

၅..ရှင်အဇ္ဇဂေါဏ ဘုရား

၆..ဘိုးဘိုးအောင် ဂူဘုရား

၇..ရှင်မထီးဘုရား

၈..လက်ပက်လက်ဘုရား

၉..ပြဒါးရှင် ဘုရား             တို့ဖြစ်ပါတယ်။





အံ့ဖွယ် (၁) - ပတ္တမြား မျက်ရှင် ဘုရား

ရွှေတိဂုံစေတီတော်ရဲ့  အထက်ပစ္စယံ မှာ အံ့ဖွယ် (၁) ဖြစ်တဲ့ ပတ္တမြား မျက်ရှင် ဘုရား ရှိပါတယ်။ ပတ္တမြားမျက်ရှင်ဘုရားကို ရှေးတုန်းက မင်းညီမင်းသားတွေ စစ်ထွက်ခါနီးတိုင်း  သူတို့   စစ်နိုင်ဖို့ အရေး ၊ လူတွေ သေကြေပျက်စီးဖို့ အရေး ဘုရားရှင်ထံမှာ လာရောက် နားပူနားဆာ လာလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

အထက်ပစ္စယံကို အမျိုးသားတွေပဲ တက်ရောက်ခွင့်ရှိပြီးတော့ တက်ရောက်ခွင့်ရအောင်...  မှတ်ပုံတင် ၊  ရ၀တ ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ အစရှိတာတွေ ယူလာပြီး ဂေါပကို လာဘ်တင်ရပါမယ်။   ကိုယ့်မှာလည်း ဗြုန်းကနဲ ထလာတာဆိုတော့ လန်ဒန်-မြန်မာပြည် သံရုံးကပေးလိုက်တဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာကလွဲလို့ ဘာထောက်ခံစာမှ မပါဘူး..။

အထက်ပစ္စယံ တက်ပြီး ဖူးမျှော်ခွင့်မရရှိတဲ့ သူတွေ အတွက် ရွှေတိဂုံဘုရား မုခ်တိုင်း မှာ Flat screen TV ကြီးနဲ့   ပတ္တမြားမျက်ရှင်ဘုရားကို ပြသထားပါတယ်။  အထက်ပစ္စယံကိုတော့ ဗုဒ္ဓဟူးထောင့် ကနေ တက်ရောက်နိုင်ပါတယ်။ အထက်ပစ္စယံဟာ အလွန်ပဲ အေးချမ်းဆိတ်ငြိမ်လှပြီး လေကောင်းလေသန့် တစ်ဝကြီး ရှူနိုင်သလို ရင်ပြင်တော်ပေါ်ကို အပေါ်စီးကနေ ဖူးတွေ့ နိုင်ပါတယ်။



အံ့ဖွယ် (၂) - ၀ိဇ္ဇ္ဇာဇော်ဂျီ ဘုရား

ဘာလို့ ဝိဇ္ဇာဇော်ဂျီ ဘုရားလို့ ဘွဲ့ အမည်ပေးထားသလဲ ဆိုတော့ ဘုရားရဲ့ လှိုဏ်ဂူတော် အပေါ် မှာ ရေးချယ်ထားတဲ့ ကနုတ်ပန်းတွေ နေရာကို ကြည့်လိုက်ပါ။ ဇော်ဂျီပုံတွေ ကို တွေ့ ရပါလိမ့်မယ်။


အံ့ဖွယ် (၃) - ရှင်စောပု ဘုရား

မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့တဲ့ ရှင်စောပု ဘုရားကို ဖူးမြော်ရပါမယ်။ ဘုရားရဲ့ ရှေ့ မျက်နှာစာမှာ ပေါက်နေတဲ့ အပင်ကြီးမှာ သမီးရည်းစား စုံတွဲတွေ၊ စာမေးပွဲအောင်ခြင်သူတွေရဲ့  correction pen နဲ့ ရေးခဲ့ကြတဲ့ ချစ်သ၀ဏ်လွှာတွေ၊ ဆုတောင်းတွေကလည်း ဗရပွထနေပါတော့တယ်..။


အံ့ဖွယ် (၄) - ဆံတော်တွင်း ရုပ်ပွားတော်

တန်ဆောင်းထဲက နဂါးတွေ ၊ မနုဿီဟ ပုံတွေနဲ့  ငုံပြီး တည်ထားတဲ့ နေရာမှာ လှိုဏ်ဂူ ရှိသတဲ့..။ အဲဒီ လှိုဏ်ဂူထဲမှာ ဧရာဝတီမြစ်ရဲ့ ရေကြောနဲ့  ဆက်စပ်နေတဲ့ ရေစီးကြောင်း ရှိတာကြောင့် ဧရာဝတီမြစ် ရေတက်ရေကျ အတိုင်း အထဲက ရေစီးကြောင်းကလည်း အတက်အကျရှိတယ်လို့ သိရပါတယ်။ ဆံတော်တွေ ဋ္ဌာပနာခါနီးမှာ ဒီရေစီးကြောင်းက ရေတွေနဲ့  ဆေးခဲ့တယ်လို့ လည်း မှတ်တမ်းမှာ ဖော်ပြထားပါတယ် ။


အံ့ဖွယ် (၇) - ရှင်မထီးဘုရား

တန်ဆောင်းထဲမှာ ရှိတယ်..


အံ့ဖွယ် (၅) - ရှင်အဇ္ဇဂေါဏ ဘုရား

ရှင်အဇ္ဖဂေါဏ ဆိုတာ ပုဂံရာဇ၀င်ထဲက ဖိုထိုးတာ မအောင်လို့  ပေးထားတဲ့ ကတိအတိုင်း မျက်လုံး နှစ်ဖက် ဖောက်ထုတ်ပြီး ဓါတ်လုံးကို မစင်တွင်းထဲ လွှင့်ပစ်လိုက်တဲ့အခါမှ ဓါတ်ပြုပြီး ဓာတ်လုံးအောင်သွားလို့  ဆုံးရှုံးသွားတဲ့ မျက်လုံး ၂ လုံးကို ဈေးမှာ အစားသွားဝယ်ခိုင်းလိုက်တာ .. ဈေးကွဲချိန်ဆိုတော့ ရတဲ့ မျက်လုံးက ဆိတ် မျက်လုံး တစ်ဖက် ရယ်.. နွားမျက်လုံး တစ်ဖက်ရယ်..ပဲ ရခဲ့တယ်.. ။ အဲဒါနဲ့ ပဲ ရတဲ့ မျက်လုံး ၂ လုံးကို အစားပြန်တပ်လိုက်တာ.. အဇ္ဖ (ဆိတ် ) ဂေါဏ (နွား) လို့  အမည်တွင်သွားခဲ့တယ်လို့ ဆိုတာပဲ..


အံ့ဖွယ် (၆) - ဘိုးဘိုးအောင် ဂူဘုရား

အခုမှပဲ အံ့ဖွယ် ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ ရတော့တယ်..။ အံ့ဖွယ် ၆ .. ဘိုးဘိုးအောင် ဂူဘုရားတဲ့ ..။ အံ့ဖွယ်မှန်သမျှ လာဖူးကြမှာ စိုးလို့ ... ဆိုင်းဘုတ်ဖြုတ်ထားတာ ဒီဘုရား နဲ့ နောက်ဘုရား တစ်ဆူ ပဲ ကျန်တယ်.. ။


အံ့ဖွယ် (၈) - လက်ပက်လက်ဘုရား

တနင်္လာထောင့် မှာရှိတဲ့ တန်ဆောင်းထဲက ဘုရားရှင်ရဲ့ ဘွဲ့ တော်ဟာ ကကုဿာန် လား .. ကောဏဂုဏ် လား မမှတ်မိတော့ပါ..။ ဘုရားရှင်ရဲ့  ညာဖက်လက်တော်ဟာ ပက်လက်ကလေး ဖြန့် နေတာကြောင့် လက်ပက်လက် ဘုရားလို့ မှည့်ခဲ့တယ်လို့ ထင်ပါတယ်..။ တစ်ခြား တန်ဆောင်းတွေထဲမှာ သီတင်းသုံးနေတဲ့ ရုပ်ပွားတော်တွေနဲ့ လုံးဝမတူပါ..။


အံ့ဖွယ် (၉) - ပြဒါးရှင် ဘုရား


ပြဒါးရှင်ဘုရား ဟာ နဖူးတော်မှာ ပြဒါးရှင်ကို ထည့်သွင်းမြှုပ်နှံ ပြီး ထုလုပ်ပူဇော်ထားတယ်လို့ ဆိုပါတယ်..။  အံ့ဖွယ် ၉ .. ပြဒါးရှင်ဘုရား လို့ ရေးထားတာ တွေ့ မြင်ရပါလိမ့်မယ်..။ အံ့ဖွယ် ဆိုပြီး စာတမ်း ချိတ်ထားတာ ၉ ပါး ရှိတဲ့ အထဲက ၂ ပါးပဲ အံ့ဖွယ်ဆိုပြီး ချိတ်ထားပါတယ်.. ။

No comments:

Post a Comment