Thursday, July 25, 2013

Software မသုံးပဲ USB နဲ့ Windws7/8 တင်နည်း

အနည်းဆုံး 4GB ရှိတဲ့ Stick တစ်ခုလိုပါမယ်။
Stick ကိုစက်မှာ တပ်ထားပါ။ Stick ကို Boot တက်အောင် လုပ်ရပါမယ်။
အရင်ဆုံး Window+R နဲ့ Command Box ခေါ်ပြီး cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command box ကျလာပြီဆိုရင် diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
diskpart.exe ဆိုပြီး Box တစ်ခုထပ်ကျလာပါမယ်။ အဲ့Box ထဲမှာ list disk လိုရိုက်ပါ။
မိမိစက်မှာ တပ်ထားတဲ့ drive စာရင်းကျလာပါမယ်။ ပြီး ရင် select disk လို့ရိုက်ပြီး ကိုယ် Window တင်ရင် သုံးမယ် Drive ရဲ့ နံပါတ်ကိုရွေးပေးရပါမယ်။
ပြီးရင် clean ကိုရိုက်ပြီး Enter ခေါက်ပါ။

ပြီးရင် create partition primary size=(drive ရဲ့ size ကိုထည့်ပေးရပါမယ်)
ဥပမာ- သုံးမယ့် Stick က 4GB ဆိုရင် create partition primary size=4096 လို့ရိုက်ပေးရပါမယ်။
ဒီနေရာလေးမှာဂရုစိုက်စေချင်ပါတယ်.. ကိုယ်ပေးတဲ့ size value မှားသွားရင် stick အတွက် အဆင်မပြေမှာစိုးလို့ပါ။

ပြီးရင် FORMAT FS=FAT32 QUICK လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
နောက်ထပ် active ရိုက်ပြီး နောက်ထပ် Enter ပေါ့။
အားလုံးပြီးသွားရင်တော့ Exit ရိုက်ပြီးထွက်လို့ရပါပြီဗျား။

ပြီးရင်တော့ Windows file ကို copy ကူးပြီး stick ထဲထည့်ပါ။
Window တင်ရင်တော့ First boot မှာ Stick ရဲ့ Poisition(Removable drive) လေးကို ရွေးပေးပါနော်...
ဒါဆိုရင်တော့ windows7/8 တို့ကို USB နဲ့တင်နိုင်ပါပြီဗျာ...
အားလုံးအဆင်ပြေကြပါစေ... PPMP

No comments:

Post a Comment