Sunday, July 21, 2013

PC မှာ Login, Logout , Minimize , Maxiize စတာတွေမှာ ကိုယ့်စိတ်ကြိုက်အသံပြောင်းရအောင်

ကျွန်တော် အခုပြောပြမှာက ကွန်ပျူတာ ကို Login ၀င်ရင်ပဲဖြစ်ဖြစ်၊ Logout ထွက်ရင်ပဲဖြစ်ဖြစ်၊ Minimize လုပ်တာပဲဖြစ်ဖြစ် စတာတွေမှာ ကိုယ့်စိတ်ကြိုက် အသံလေးတွေထည့်ထားနည်းပါ
တစ်ခြား Minimize, Restore, Maximize, Close တို့ကိုလည်း ကိုယ် Idea ကောင်းရင် ကောင်းသလို ဒီနေရာလေးကနေ ပြောင်းထားနိုင်ပါတယ်။
သွားရမယ့်လမ်းကြောင်းလေးက လွယ်လွယ်လေးပါ။ Easy going.
Desktop ပေါ်မှာ R.C (Right Click) > Personalize

အစိမ်းရောင်လေးဝိုင်းထားတဲ့ Sounds ဆိုတာထဲကိုဝင်လိုက်ပါ။
ဒီအတိုင်း Box လေးကျလာရင် Program Events: ထဲက နေ ကိုယ် ပြောင်းချင်တဲ့ Events လေးကို Select မှတ်လိုက်ပါ။
Select မှတ်ပြီးရင် အောက်က အသံတွေရွေး Browse… လေးထဲဝင်လိုက်ပါ။
Windows က သူ့ Defaults ပါတဲ့ Files တွေကို တွေ့ရပါလိမ့်မယ်။
အဲ့ထဲကအသံဖိုင်တွေကို နှစ်သက်တယ်ဆိုရင်လည်း ရွေးနိုင်ပါတယ်။
ကိုယ်ပိုင် Customize လုပ်ချင်ရင်တော့ ကိုယ့်အသံကို Record ဖမ်းပြီး
e.g Audio (.mp3) ဖိုင်ကို Audio(.wav)ကို ပြောင်းပါ။ ကိုယ့်စိတ်ကြိုက် Audio File ရပြီ ဆိုရင်
Audio File ကို C:\Windows\Media ထဲကို ထည့်ပေးပါ။
ကဲထည့်ပြီးပြီဆိုရင်တော့ ခုဏက Browse ဆိုတဲ့ နေရာကနေ ကိုယ့်စိတ်ကြိုက် အသံဖိုင်ကို
ရွေးပြီး Openကိုလုပ်ပါ။ ပြီးရင်တော့ Apply> Ok လုပ်လိုက်ပေါ့ဗျာ။
Logon, Logout , Minimize , Maximize … စသည်တို့မှာ ကိုယ့်စိတ်ကြိုက်အသံလေးတွေနဲ့ ကြားနိုင်ပါပြီဗျာ…..
PPMPရဲ့ ချစ်သူငယ်ချင်းမိတ်ဆွေအားလုံး မိမိရဲ့ PC မှာ အသံခပ်လန်းလန်းလေးတွေနဲ့ပျော်ရွှင်နိုင်ပါစေ…

No comments:

Post a Comment