Wednesday, July 24, 2013

သာမန်ဖြစ်ပျက်သော ရောဂါအသေးစားလေးများအား သက်သာစေရန် ခန္ဓာကိုယ်အား လှည့်စားခြင်း

နှာခေါင်းပိတ်ခြင်း
    လျှာကို ခံတွင်းခေါင်မိုးနှင့်ကပ်ထားပါ။ လက်ချောင်းတစ်ချောင်းဖြင့် မျက်ခုံးနှစ်ခုကြား
အလယ်တည့်တည့်ကို ဖိထားပါ။ ပိတ်နေသည့် နှာခေါင်းများ တစ်ခဏအတွင်း ရှင်းလင်းသွားပါလိမ့်မည်။

အပူလောင်ခြင်း
    အပူလောင်သွားသည့် နေရာကို ချက်ချင်းရေဆေးပြီး လက်ချောင်းထိပ်ကလေးများဖြင့်
ဖိထားပါ။ ဤနည်းဖြင့် အပူလောင်သည့်အသားကို ခန္ဓာကိုယ် အပူချိန်အတိုင်းပြန်ဖြစ်စေပြီး အရည်ကြည်ဖုထခြင်းမှ
ကာကွယ်နိုင်သည်။



အမူးလွန်ခြင်း
    အရက်သောက်သည့်အခါ နားအတွင်းရှိအရည်များ ကျဲလာပြီး ဦးနှောက်အား သတင်းအချက်အလက်
အမှားများ ပေးပို့ခြင်းကြောင့် ချာချာလည်အောင် မူးတတ်သည်။ ခြေထောက်များကို မြေတွင်မြဲမြံစွာ
ကပ်ထားခြင်းဖြင့် အမူးအပြေစေပါ။ ခိုင်ခံ့သည့် စားပွဲများ၊ နံရံများ၊ လက်ရန်းများ ကိုင်ထားခြင်းဖြင့် ဦးနှောက်အား
သတင်းအချက်အလက် အကူအညီရစေပြီး အမူးသက်သာစေသည်။

ခြေလက်ထုံကျဉ်ခြင်း
    အချိန်ကြာကြာထိုင်ခြင်း၊ ခေါင်းအုံးအိပ်ခြင်းတို့ကြောင့် ခြေထောက်ကျဉ်ခြင်း၊ လက်ကျဉ်ခြင်းဖြစ်ပါက
ငြိမ်မနေပါနှင့်။ လက်ကျဉ်လျှင် ဦးခေါင်းကို ဘယ်ပြန်ညာပြန်လှည့်ပေးပါ။ လည်ပင်းကြွက်သားများ
ပျော့သွားသည့်အခါ နဗ်ကြောပေါ်သို့ ဖိအားသက်ရောက်မှုလျော့ပြီး ထုံကျဉ်ခြင်းမှ သက်သာစေသည်။
ခြေထောက်ကျဉ်လျှင် လမ်းလျောက်ပေးခြင်းဖြင့် နဗ်ကြောပေါ် ဖိအားလျော့ကျစေသည်။

လည်နင်ခြင်း
    အစားစားရင်းဖြင့် လည်နင်ပါက လက်နှစ်ဖက်ကို အပေါ်သို့မြှောက်ပြီး မိမိငယ်ထိပ်အား
ဖိထားပါ။ တစ်ခဏအတွင်း သက်သာသွားပါလိမ့်မည်။
    သို့မဟုတ် ရေသောက်ခြင်း ၊ ချဉ်ရည်၊ ဟင်းချို အစရှိသော ရေများများပါသည့် ဟင်းများ သောက်ခြင်းဖြင့်လည်း
သက်သာနိုင်ပါသည်။

No comments:

Post a Comment