Sunday, July 21, 2013

Shutdown/Restart

သူငယ်ချင်းတို့ ဒါလေးကလည်း Easy going လေးပါပဲ
သူငယ်ချင်းတစ်ယောက်နဲ့ ဟိုလုပ်ဒီလုပ် ကလိရင်း ဒါလေးကို တွေ့တာပါ။
အရင်ဆုံးကျွန်တော်တို့ စမ်းတာက Notepad မှာ
shutdown -s -t 00 (ဒါကတော့ Shutdown ချဖို့)
shutdown -r -t 00 (ဒါကတော့ Restart ချဖို့)
အဲ 00နေရာမှာ 15ဆိုရင် 15စက္ကန့်ကြာရင် Shutdown/Restart ကျသွားတာဗျ
အဲ့လို Notepad မှာရေးပြီး .bat နဲ့သိမ်းလိုက်တယ်ဗျာ။ ပြီးတော့ Double Click ခေါက်ပြီး
Restart ချလိုက် Shutdown ချလိုက်နဲ့ သင်တန်းကစက်မှာကလိတာ။
နောက်တော့ ကျွန်တော် သင်တန်းမှာ သင်ထားဖူးတာလေး ပြန်သတိရတယ်ဗျ...
အဲဒါက Command Line ကနေ ခုဏကလို ရိုက်ရင်လည်း Shutdown တို့ Restart တို့ ချလို့ရတာလေးပါ။
ဒါကို ကျွန်တော် Command လိုင်းမခေါ်မိပဲ
Run box မှာ shutdown -s -t 00 လို့ရိုက်ပြီး
ကျွန်တော် Enter ခေါက်ကြည့်တယ်။ ဟား Shutdown ကျသွားတယ်ဗျာ။
ကျွန်တော်လည်း ပျော်သွားတယ်။ နည်းလမ်းအသစ်လေးတွေ့လို့ဗျာ။

အဲ့တော့် Run box မှာ
shutdown -r -t 00
shutdown -s -t 00
တို့ကို ရိုက်ပြီး Shutdown တို့ Restart တို့ချလို့ရတာကို သူငယ်ချင်းတွေအတွက်ပြောပြပေးတာပါ။

သိပြီးသားသူတွေ ပါဘူးနော်။ လွယ်လွယ်လေး သိပီးသားဆိုပီး မေတ္တာပို့မပေးနဲ့ဦး... ဟီးဟီး... ချစ်သူငယ်ချင်းအားလုံး ပျော်ရွှင်ပါစေ...PPMP

No comments:

Post a Comment